Soul Mate 59

159 25 8
                                    

Zawgyi #

သစ်ရွက်လေတိုးသံမှ အပ တောထဲတွင် ကျေးဌက်များ၏ အသံဗလံကိုပင် မကြားရဘဲ တိတ်ဆိတ်နေသည်။ နန်းတော်ထဲတွင် ကိုယ်ရံတော်တပ်ဖွဲ့ကို သေချာစွာ ကြပ်မတ်ရန်မှာထားခဲ့ပြီး မနက်စောစော အာရုံမတက်ခင် အချိန်တွင် ချန်းယောလ်နှင့် ဆယ်ဟွန်းနှစ်ယောက်တည်း သီးသန့်ထွက်လာခြင်းဖြစ်သည်။

" မင်းတို့ရောက်လာကြပြီလား "

ရေကန်ကို မျက်နှာမူကာ ရပ်နေသော အဖိုးအိုသည် နောက်သို့လှည့်မကြည့်ပါဘဲ ပြောလေသည်။ ချန်းယောလ်မှာ ခြေသံမထွက်အောင် တိတ်တဆိတ်လျှောက်လှမ်းလာသည့်ကြားမှ မိမိတို့ရောက်လာသည်ကို သိနေသော အဖိုးအိုကြောင့် ဆယ်ဟွန်းကို ကြည့်လေသော် ဆယ်ဟွန်းမှာ အဓိပ္ပာယ်ပါပါဖြင့် ခေါင်းငြိမ့်ပြလေသည်။

အဖိုးအိုမှာ သွက်လက်တက်ကြွနေဟန်ရှိသော်လည်း ဖြူစွတ်နေသော မုတ်ဆိတ် ၊ ဆံပင်တို့ကြောင့် အသက်ကိုကား မှန်းရခက်လေသည်။ ချန်းယောလ်နှင့် ဆယ်ဟွန်းအနားသို့ရောက်လာသော် တဖြည်းဖြည်းချင်း မျက်နှာချင်းဆိုင်ရာဘက်သို့လှည့်လာပြီး ပြုံးလိုက်ကာ

" မင်းတို့လေးတွေတောင် အရွယ်ရောက်လာပြီဘဲ အခုတော့ အဖြစ်မှန်တွေကို ပြောပြဖို့ အချိန်တန်ပြီ "

မမေးပါဘဲနှင့် ပြောလာသော အဖိုးအို၏ စကားများသည် ဆယ်ဟွန်းတို့ ညီအစ်ကိုထက် ထူးဆန်းပြီးရင်း ထူးဆန်းလို့နေသည်။

" ငါ့နာမည်က ဖိုးသက်ရှည်လို့ခေါ်တယ် ဒီတောထဲမှာ ကောင်းကင်ဘုံကို တက်လှမ်းဖို့တရားကျင့်ကြံနေတဲ့သူတစ်ယောက်ပေါ့

တစ်နေတော့ ဒီတောထဲကို ကောင်းကင်ဘုံအပေါ် အပစ်လုပ်မိတဲ့ နတ်တစ်ပါးက ဒဏ်အခတ်ခံရဖို့ သူ့ရဲ့အပစ်ဒဏ်တွေကို ဆေးကြောဖို့ ဒီတောထဲက ဂူတစ်ဂူမှာ ပိတ်ထားတာခံရတယ်....

အင်း...... ဒီလိုနေ့တစ်နေ့မှာ တောထဲကို မျက်စိလည်ပြီး ရောက်လာတဲ့ မိန်းကလေးတစ်ယောက်က သူ့ကို တွေ့သွားခဲ့တယ်

ထူးဆန်းစွာနဲ့ သူမက ချိတ်ပိတ်ထားတာတွေကို ဖြည်ပေးနိုင်ခဲ့တယ် အဲ့နောက်တော့ အဲ့ဒီ့နတ်မင်းနဲ့ မိန်းကလေးငယ်တို့ ချစ်ကြိုက်သွားလေသတည်းပေါ့ကွယ် "

Empire's Soul MateWhere stories live. Discover now