Zawgyi #
အနက်ရောင် ၀တ်လူစုမှာ သစ်ပင်များနောက်ဆီမှ ထွက်ပေါ်လာကာ ဆယ်ဟွန်း နှင့် ဘုရင်ရန်ဝေကို ဦးတည်ကာ တိုက်ခိုက်ကြသည်။ ဆယ်ဟွန်းမှာ လက်စွဲတော် ဓားကို ထုတ်ကာ လုဟန်ကို သူ၏နောက်သို့ပို့လိုက်ရင်း
" လုပ်ကြံသူတွေကို တိုက်ကြ "
ကိုယ်ရံတော်များ နှင့် နောက်လိုက်ပါများကို တိုက်ခိုက်ကြသည်။ တချွင်ချွင်မြည်နေသော ဓားချင်းခုတ်သံများက ပေါ်ထွက်ကာ အပြင်းအထန်တိုက်ခိုက်ရင်း တောထဲတွင် ၀ံပုလွေအုပ်စုနှင့် တိုက်ခိုက်လာရသဖြင့် အထိနာပြီးသားဖြစ်သော ဆယ်ဟွန်းနှင့် လူစုများမှာ လက်ပန်းကြလာကြသည်။
ထိုအချိန်တွင် ဘုရင်ရန်ဝေမှာ ကိုယ်တွင်းအင်္ကျီမှ မီးကျည်တစ်ခုကို ထုတ်ကာ ကောင်းကင်ထက်သို့ ပစ်လွှတ်လိုက်လေသည်။ မီးကျည်ပေါက်ကွဲပြီး သိပ်မကြာမီပင် ငွေရောင် သံချပ်ကာဝတ် လူတစ်စုမှာ ပေါ်လာပြီး ဘုရင်ရန်ဝေနှင့် ဆယ်ဟွန်းတို့ဘက်မှ တိုက်ခိုက်ကြလေသည်။ အနက်ရောင်ဝတ်လူစုမှာလည်း အင်အားမသေးလှသလို ၊ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာလေသည်။
ရွှီကနဲလေချွန်သံအဆုံးတွင် အနက်ရောင်ဝတ်လူစုမှာ တစ်ဦးကိုတစ်ဦး အချက်ပြကာ တောတွင်းသို့ ဆုတ်ခွာရန်ဖြစ်လာသည်။ လုဟန်ကို ကာကွယ်ရင်း ဆယ်ဟွန်းမှာ ဒဏ်ရာပိုနာကျင်လာသဖြင့် ဓားကိုင်ထားသော လက်မှာ သွေးများတစ်ဖန် ပြန်လည်စီးကျလာပြန်သည်။
" အရှင် သတိထား "
လုဟန်မှာ မိမိကို ကာကွယ်ရင်း မောဟိုက်လာသော ဆယ်ဟွန်းဆီသို့ မြားတစ်စင်း ၀င်လာသည်ကို တွေ့လိုက်ရသည့်အတွက် ဆယ်ဟွန်းကို တွန်းထုတ်လိုက်သည်။
" ဟန်လေး......... "
ဆယ်ဟွန်းမှာ ထိတ်လန့်တစ်ကြားအော်ဟစ်လိုက်သည်။ လုဟန်နောက်ဆုံးအနေဖြင့် မြင်တွေ့လိုက်ရသည်ကား ဆယ်ဟွန်း၏ စိုးရိမ်ပူပန်နေသော မျက်ဝန်းများဖြစ်လေသည် ၊ ထို့နောက်တွင်ကား အရာအားလုံး အမှောင်အတိကျလျှက် ...... အနက်ရောင်ကမ္ဘာထဲသို့ တိုးဝင်သွားလေတော့သည်။
ဆယ်ဟွန်းမှာ မိမိကိုယ်စား မြားကို ၀င်ခံလိုက်သည့် လုဟန်ကို ထိန်းပွေ့ကာ ဒေါသတကြီးဖြစ်လျှက်နေသည်။
YOU ARE READING
Empire's Soul Mate
Fanfictionကံကြမ္မာအလှည့်အပြောင်းနှင့် ဘုရင်ဖြစ်လာမည့် ကောင်လေး မွေးဖွားလာကတည်းက ဘုရင်ဖြစ်မည့်သူအတွက် ဖူးစာဖက်အဖြစ်သတ်မှတ်ခံရပြီးသော နှောင်ချုပ်ခံထားရသည့် ချောလွန်းလှသည့်ကောင်လေး ထိုသူနှစ်ဦး၏ ဆုံတွေ့မှုမှသည် ဖြစ်ပေါ်လာသော အချစ်ပုံပြင်တစ်ပုဒ် ကံကြမ္မာအလှည့်အပြေ...