Soul Mate 19

281 41 7
                                    

ZAwgyi #

အချိန်ကြာမြင့်သည်အထိ တစ်စတစ်စ နက်ရှိုင်းသော အနမ်းများကြောင့် အသက်ရှုမဝဖြစ်လာသော လုဟန်သည် ဆယ်ဟွန်း၏ ရင်ခွင်ကျယ်ကို လက်ဖဝါးသေးသေးဖြင့် ထုရိုက်ကာ အသိပေးတော့မှ အနမ်းများကို ရပ်လိုက်သည်။ လွတ်လပ်ခွင့်ရသော လုဟန် နှုတ်ခမ်းပါးများက ပန်းရောင်မှသည် အနီဘက်သို့ပြောင်းကာ ၊ လေကို တစ်ဝရှုရှိုက်နေသောပုံမှာ ကုန်းပေါ်သို့ပစ်တင်ခံလိုက်ရသည့် ရွှေငါးတစ်ကောင်နှယ် လွန့်လူးလျှက်ရှိလေသည်။ လုဟန်၏ နဖူးကို ဆယ်ဟွန်းသည် သူ၏နဖူး နှင့် ထိထားကာ မျက်နှာချောချောကို အနီးကပ် အသေးစိတ်ကြည့်နေလေသည်။ အဆောင်ထဲတွင် မီးများငြိမ်းထားသော်လည်း ပြတင်းများမှတစ်ဆင့် ၀င်ရောက်နေသော လရောင်ကြောင့် လင်းလင်းချင်းချင်းရှိလှသည်။

ပြေလျော့လျော့ရှိနေသော ၀တ်ရုံဖြူကို ပခုံးတစ်ဖက်စွန်းပေါ်သည်အထိ ဖြေချလိုက်ရာ ဖြူဝင်းဝင်းပခုံးသားနှင့် ညှပ်ရိုးများက ဆွဲဆောင်မှုရှိစွာပေါ်လာလေသည်။ ဆယ်ဟွန်းအနမ်းများကြောင့် မောဟိုက်နေသော လုဟန်၏ လည်ပင်းရှိ လည်စိလေးမှာ အသက်ရှုလိုက်တိုင်း အထက်အောက်လှုပ်ရှားနေရာ ညပန်းချီကားတစ်ချပ်လိုပင်။ ညင်သာစွာထွက်ပေါ်နေသော အသက်ရှုသံများနှင့် လုဟန်၏ မျက်ဝန်းများမှာ ဆယ်ဟွန်းကို ငံ့လင့်နေသလို ရှိနေ၏။

" ချစ်တယ် ဟန်လေး "

" ကျွန်တော်ရော အရှင်နဲ့ ထပ်တူထပ်မျှပါဘဲ "

" မဟုတ်ပါဘူး ကိုယ်ကပိုတယ် "

မျက်ဝန်းများကို မှေးကျဉ်းလိုက်ပြီး မယုံသလိုလုပ်နေသော လုဟန်၏မျက်နှာ အမူအရာကြောင့်

" အောဟော..... ဟန်လေးက မယုံဘူးထင်တယ် ကိုယ်သက်သေပြရမှာပေါ့ "

" အဟား.... စတာအရှင်ရဲ့ ...ကျွန်တော်ယုံပါတယ် "

လည်ပင်းတစ်လျှောက်မှသည် ရင်ဘတ်ဖွေးဖွေးကို နမ်းလိုက်ကိုက်လိုက်လုပ်ရင်း သန်မာသောလက်မောင်းများဖြင့် လုဟန်တစ်ကိုယ်လုံးကို သိမ်းကြုံးဖြစ်ညစ် ဖက်ထားလေသည်။

" ယားတယ် အရှင်ရဲ့ နောက်ကျနေပြီ အိပ်ကျရအောင်ပါ စနောက်မနေနဲ့ "

Empire's Soul MateWhere stories live. Discover now