Zawgyi #
ဂျိုဆွန်းနန်းတော်
မင်းကြီး ယွန်ဂျုံးမှာ မိဖုရားခေါင်တစ်ဦးအပြင် မိဖုရားငယ်နှစ်ပါးရှိသော်လည်း ယခုထိတိုင် နန်းဆက်အမွေခံမည့် သားတော်တစ်ဦးမှမွေးဖွားနိုင်ခြင်း မရှိသေးပေ။ မိဖုရားခေါင်ကြီး မွေးသော သမီးတော်နှစ်ပါးသာ ရှိလေသည်။ နိုင်ငံရေးမှာ မငြိမ်မသက်ဖြစ်နေခဲ့သလို နန်းတွင်းထဲတွင်လည်း အရေးတော်ပုံများဖြစ်ပေါ်ကာ သူ့အစု ကိုယ့်အစုနှင့် အမတ်များမှာ အတွင်းလှိုက်ခြစားနေသကဲ့သို့ မိမိအိမ်တော်မှသမီးကညာကို မင်းကြီးအတွက်ဆက်သလိုကာ နန်းဆက်မွေးဖွားနိုင်ခွင့်ကို မျှော်လင့်ကြသူများ၏။ ယွန်ဂျုံးမင်းကြီး၏ မယ်တော်မိဖုရားကြီးဆီသို့ချဉ်းကပ်ကာ အိမ်တော်မှသမီးလိမ္မာကြောင်း ၊ တော်ကြောင်း ၊ တတ်ကြောင်း နားတော်သွင်းကြသည်။
နယ်စပ်စခန်း ...................
မင်းသမီးချယ်ယောင်းမှာ ထုံးစံအတိုင်း တဲပြတင်းပေါက်နားအနီးတွင် ထိုင်ပြီး ငေးငေးငိုင်ငိုင်လေးရှိနေသည်။ သားကြီးချန်းယောလ်မှာ သူမ၏ဘေးတွင် ငြိမ်ငြိမ်ကလေးရှိနေသကဲ့သို့ သားငယ်ဆယ်ဟွန်းမှာ သူမပေါင်ပေါ်တွင်ထိုင်နေပြီး အမေဖြစ်သူ၏မျက်နှာကို ငေးကြည့်နေသည်။
" ချယ်ယောင်းရှီ......... "
တပ်မှူးဆယ်ဂျောင်မှာ သယ်ဆောင်လာသော စွပ်ပြုတ်တင်ထားသည့် သစ်သားဗန်းကို စားပွဲပေါ်တွင်တင်လိုက်ကာ ပြတင်းပေါက်နားသို့လျှောက်သွားလိုက်သည်။ ထို့နောက် ချန်းယောလ်ကို ပွေ့ချီလိုက်လေသည်။ ယခုဆိုလျှင် ချန်းယောလ်မှာ ၇ နှစ်အရွယ်ရှိနေပြီး ဆယ်ဟွန်းပင် ၄နှစ်အရွယ်သို့ရောက်နေပြီ။
" ဆယ်ဂျောင်ရှီ...... ရောက်လာပြီလား ..........."
မင်းသမီးချယ်ယောင်းမှာ အပြင်သို့ငေးကြည့်ရက်ဖြင့်ပင် ပြောလေသည်။ မည်သည့်အဖြစ်အပျက်ကိုကြုံတွေ့ရသည်မသိ ၊ ယခင်လိုသွက်သွက်လက်လက်ပုံစံမှသည် အေးတိအေးစက်ပုံစံသို့ပြောင်းလဲသွားခဲ့လေသည်။ သို့သော် သူမ၏သားများကို အတော်ပင်ချစ်ခင်ပုံရလေသည်။ သတိပြန်ရလာပြီးကတည်းက တစ်မိနစ်မျှပင် သားငယ်များကို မျက်စိအောက်မှအပျောက်မခံပေ။တပ်မှူးဆယ်ဂျောင်သည် သူမ၏ဘေးခုံတွင် ၀င်ထိုင်ကာ ပြတင်းအပြင်ရှိ နှင်းကျနေသော ရှုခင်းကို အတူလိုက်ငေးကြည့်နေသည်။
YOU ARE READING
Empire's Soul Mate
Fanfictionကံကြမ္မာအလှည့်အပြောင်းနှင့် ဘုရင်ဖြစ်လာမည့် ကောင်လေး မွေးဖွားလာကတည်းက ဘုရင်ဖြစ်မည့်သူအတွက် ဖူးစာဖက်အဖြစ်သတ်မှတ်ခံရပြီးသော နှောင်ချုပ်ခံထားရသည့် ချောလွန်းလှသည့်ကောင်လေး ထိုသူနှစ်ဦး၏ ဆုံတွေ့မှုမှသည် ဖြစ်ပေါ်လာသော အချစ်ပုံပြင်တစ်ပုဒ် ကံကြမ္မာအလှည့်အပြေ...