Zawgyi #
ဘတ်ဟွန်းမှာ ဆေးလာကုသောသူများနှင့် လုံးလည်ချာလည်လိုက်နေသည်။ ယခုတစ်လော ရာသီအပြောင်းအလဲတွင် တစ်ရွာလုံးနီးပါးလိုလို အပြင်းဖျားကြပြီး အိမ်တစ်အိမ်တွင် ဖျားနာသူတစ်ယောက်ရှိသည် နှင့် အခြားမိသားစုဝင်များလည်း အဖျားကူးကုန်ကြသဖြင့် တစ်နေ့တစ်နေ့ လူနာများကို စမ်းသပ်ပေးနေရသည်မှာ လက်မလည်။ တူးထားသောဆေးမြစ်များဖြင့် မလုံလောက်တော့သောကြောင့် မြို့လယ်ဈေးရှိ ဆေးကုန်သည်ဆိုင်မှ ဆေးဝယ်ရန် ချန်းယောလ် ထွက်သွားသဖြင့် ဆေးခန်းတွင် ဘတ်ဟွန်းတစ်ယောက်သာရှိနေသည်။
မွန်းတည့်ချိန်ပင် ကျော်သွားပြီဖြစ်သည်။ ကြည့်ရှုရန် လူနာများ မကျန်တော့သဖြင့် ဘတ်ဟွန်း ဆေးခန်းတံခါးကို ပိတ်ရန်ပြင်စဉ်
" ဟာ....အုတ်ဂျာ...ပြန်ရောက်ပြီလား "
ဘတ်ဟွန်းမှာ အုတ်ဂျာပြန်ရောက်လာသည်မို့ ပျော်ရွှင်နေသောအပြုံးမှာ နောက်မှလိုက်ပါလာသော လူတစ်ယောက်ကြောင့် ပြောင်းလဲသွားရလေသည်။
" ဟင်..... အဖိုး......"
" အင်း ...မြေးလေး မတွေ့ရတာကြာပြီ "
ချန်းယောလ်မှာ များပြားလှသော အထုတ်ကြီးငယ်ဖြင့် ပြန်ရောက်လာသော် တိတ်ဆိတ်နေသော ခြံဝင်းကြောင့် အံ့အားသင့်သွားရသည်။ ထို့ပြင် ဘတ်ဟွန်း၏အိပ်ခန်းဆောင်မှာ ဟောင်းလောင်းဖြစ်နေလျှက် ခြံဝန်းထဲတွင်လည်း လှန်းထားသည့် ဆေးမြစ်များမှာ ပုံမပျက်ရှိနေလေသည်။ အထုပ်များကို ပစ်ချလျှက် အခန်းတိုင်းလိုလို စစ်ဆေးကြည့်ပြီး အနီးနားတစ်ဝိုက်လိုက်လံရှာသော်လည်း ရုန်းရင်းဆန်ခတ်ဖြစ်ထားသော ခြေရာလက်ရာမတွေ့ရသဖြင့် စိုးရိမ်စိတ်ပိုလာလေသည်။
" ဒီတိုင်းရှာနေလို့ မဖြစ်ဘူး ငါထွက်သွားတာ တစ်နေမကုန်သေးဘူးဆိုတော့ ဒီအနီးတစ်ဝိုက် မေးမြန်းကြည့်ပြီး လိုက်မယ်ဆို လိုက်မှီလောက်သေးတယ် "
ချန်းယောလ်မှာ အိပ်ခန်းထဲတွင်ရှိသော ဆောင်ဓားနှင့် အ၀တ် နှစ်စုံကိုထုပ်ပိုးပြီး ဘတ်ဟွန်းကို လိုက်ရှာရန်ပြင်လေတော့သည်။ မြို့လယ်ဈေးကို ပြန်လာပြီးနောက် လူစည်ကားသည့်နေရာတွင်ဖွင့်ထားသော လဘက်ရည်ဆိုင်နှင့်တွဲဖွင့်ထားသော တည်းခိုဆောင်တွင် ဦးစွာ အခန်းတစ်ခန်းယူလိုက်ပြီးနောက် မြို့ထဲတွင်ဖြစ်ပျက်သော အခြေအနေကိုလေ့လာရန် ထွက်လာခဲ့သည်။
YOU ARE READING
Empire's Soul Mate
Fanfictionကံကြမ္မာအလှည့်အပြောင်းနှင့် ဘုရင်ဖြစ်လာမည့် ကောင်လေး မွေးဖွားလာကတည်းက ဘုရင်ဖြစ်မည့်သူအတွက် ဖူးစာဖက်အဖြစ်သတ်မှတ်ခံရပြီးသော နှောင်ချုပ်ခံထားရသည့် ချောလွန်းလှသည့်ကောင်လေး ထိုသူနှစ်ဦး၏ ဆုံတွေ့မှုမှသည် ဖြစ်ပေါ်လာသော အချစ်ပုံပြင်တစ်ပုဒ် ကံကြမ္မာအလှည့်အပြေ...