Zawgyi #
ဂျိုဆွန်းနန်းတွင်းရှိ ယွန်ဂျုံးမယ်တော်ကြီးအဆောင်တွင် နန်းတွင်းသူများ ယောက်ယက်ခတ်နေကြသည်။ ယနေ့ မယ်တော်ကြီး စိတ်မကြည်သည်မို့ အထိန်းတော်ကြီးမှ အစ နန်းတွင်းသူများ အစောင့်ရဲမက်များပါ တစ်ယောက်မကျန် အရာရာသတိထားဆောင်ရွက်နေကြရ၏။
လွန်ခဲ့သော နှစ်ရက်ခန့်က ဟန်နိုင်ငံဘုရင်မှ သံတမန်ရေးရာအရဆက်သလာသော မင်းသမီးကို ကြိုဆိုရမည့်ပွဲကို မယ်တော်ကြီးကိုယ်တိုင်တက်ရောက်မည် ဖြစ်သည်။ ယွန်ဂျုံးမင်းကြီးသည်လည်း နန်းတွင်းသို့ပြန်ရောက်နေပြီဖြစ်သည်။
ယနေ့ဟန်နိုင်ငံမင်းသမီးကို ကြိုဆိုပွဲပြီးလျှင် နောက်တစ်ပတ်အကြာတွင် မင်္ဂလာပွဲကို ကျင်းပရမည်ဖြစ်သည်။ နန်းတွင်းသူများမှာ မယ်တော်ကြီးအတွက် တော်ဝင်ဝတ်စုံကို ၀တ်ဆင်ရန် ယူဆောင်လာကြ၏။ အဖြူရောင်ပိုးသားပေါ်တွင် ရွှေချည်ဖြင့်ထိုးထားသော တော်ဝင်အမှတ်တံဆိပ်မှာ တောက်ပစွာရှိနေသည်။ ၀တ်စုံလဲလှယ်မှုနှင့် ဆံပင်ထုံးဖွဲ့မှုများအပြီးတွင် ကြေးဝါမှန်အတွင်း စနစ်ကျမကျကြည့်ရှုစစ်ဆေးပြီးနောက် မယ်တော်ကြီးသည် နန်းဆောင်အတွင်းမှ ထွက်လာလေသည်။
ဟန်နိုင်ငံ၏ မင်းသမီး ယုံးယုံးသည် ဟန်နိုင်ငံ၏ မင်းသမီးအဆောင်အယောင် ပြည့်စုံစွာဖြင့် စင်မြင့်ထက်ရှိ သူမအတွက်ပြင်ဆင်ပေးထားသော နေရာတွင် နောက်လိုက်ပါများနှင့် အတူနေရာယူပြီးဖြစ်လေသည်။ နန်းရင်ပြင်အလယ်တည့်တည့်တွင် ဂျိုဆွန်းမင်းကြီးသည် မိဖုရားခေါင်ကြီးနှင့်အတူ ထိုင်လျှက်ရှိ၏။
မကြာမီ မယ်တော်ကြီးမှာ ကြွချီလာပြီး မင်းကြီး၏ ညာဘက်ခြမ်းရှိ စင်မြင့်တစ်နေရာတွင် နေရာယူလေသည်။ အခမ်းအနားစီစဉ်သည့် ဖျော်ဖြေရေးတိုင်ပင်ခံအမတ်တဦး၏ အချက်ပြမှုနှင့်အတူ မြိုင်ဆိုင်သော တေးဂီတသံ ၊ သွက်လက်လှပကြော့ရှင်းသော ကချေသည်များသည် လိပ်ပြာကလေးများသဖွယ် ကပြဖျော်ဖြေနေကြ၏။ အစားအသောက်များမှာလည်း မင်းနှင့် မိဖုရား ၊ မင်းသမီးတို့၏ စားပွဲပေါ်တွင် ခမ်းခမ်းနားနားတည်ခင်းထားလေသည်။
YOU ARE READING
Empire's Soul Mate
Fanfictionကံကြမ္မာအလှည့်အပြောင်းနှင့် ဘုရင်ဖြစ်လာမည့် ကောင်လေး မွေးဖွားလာကတည်းက ဘုရင်ဖြစ်မည့်သူအတွက် ဖူးစာဖက်အဖြစ်သတ်မှတ်ခံရပြီးသော နှောင်ချုပ်ခံထားရသည့် ချောလွန်းလှသည့်ကောင်လေး ထိုသူနှစ်ဦး၏ ဆုံတွေ့မှုမှသည် ဖြစ်ပေါ်လာသော အချစ်ပုံပြင်တစ်ပုဒ် ကံကြမ္မာအလှည့်အပြေ...