Soul Mate 5

412 61 9
                                    

Zawgyi #

ဆယ်ဟွန်းသည် အခန်းတွင်းတွင် နတ်နန်းဆောင် မိန်းမပျိုလေးများပြင်ထားသော ပိုးသားဝတ်ရုံကိုလဲကာ မျက်နှာဖုံးတပ်ပြီး ကောင်လေးရှိရာအခန်းဆီသို့ ထွက်လာလိုက်သည်။ သစ်သားတွန်းတံခါးမှာ ဘေးသို့လျောကနဲပွင့်သွားလေသည်။ အခန်းပေါက်ကိုကျောပေးကာ ထိုင်နေသောကောင်လေးမှာ ခေါင်းကို ငုံထားကာ ကျောပြင်ငယ်မှာ တသိမ့်သိမ့်တုန်နေလျှက်ရှိ၏။ ဆယ်ဟွန်းမှာ ကောင်လေးထိုင်နေသော မွေ့ယာ၏ဘေးတွင် ထိုင်ချလိုက်သည် ၊ ပြီးနောက် မျက်နှာကိုမေးမှကိုင်ကာ တဖြည်းဖြည်းမော့စေသည်။ မျက်ရည်များခိုတွဲနေသော မျက်နှာနုနုမှာ အနီးကပ်မြင်ရသောအခါ ပိုပြီးချောနေကြောင်းတွေ့ရသည်။ မျက်လုံးများမှာ တည့်တည့်မကြည့် မျက်နှာကိုမော့ထားသည့်တိုင် တစ်နေရာသို့ အကြည့်ပို့ထားလေ၏။ ပကတိရဲနေသော နှုတ်ခမ်းပါးမှာ တုန်ယင်လျှက်ရှိလေသည်။ ဆယ်ဟွန်းမှာ ရင်ထဲတွင် အဆမတန်တုန်လှုပ်ကာ ရင်ခုန်နေပြီး ထိုနှုတ်ခမ်းပါးဆီသို့ သတိမမူမိသည့်အချိန်တွင် တိုးကပ်သွားမိလိုက်သည်။ ရုတ်တရက်ထပြေးမည်လုပ်သော်လည်း ထိုကောင်လေးမှာ မအောင်မြင် သန်မာသော ဆယ်ဟွန်း၏လက်မောင်းများကြားတွင် ဖမ်းမိသွားကာ

" ဘာလဲ ကိုယ့်ကိုကြောက်တာလား ဒီမျက်နှာဖုံးကြီးကြောင့်လား "

ဆယ်ဟွန်းသည် မျက်နှာဖုံးကို ဖယ်ခွာလိုက်သည့်တိုင် ကောင်လေးသည် စကားပြန်မပြောသေးဘဲ မျက်လုံးထောင့်မှ မျက်ရည်ဥတို့မှာ တစ်ဖန်စီးကျလာပြန်လေသည်။ မျက်ရည်များဖြင့်လက်နေသော ထိုကောင်လေး၏ မျက်ဝန်းမှာ သမင်ငယ်လေးတစ်ကောင်နှယ် လှပလွန်းလှသဖြင့် ဆယ်ဟွန်းစိတ်မထိန်းနိုင်တော့ ကောင်လေး၏မျက်နှာဘက်သို့ငဲ့စောင်းကာ မျက်ရည်စီးကြောင်းကို နှုတ်ခမ်းဖြင့် အသာထိတွေ့စေ၍ ခြောက်သွေ့စေလေသည်။ ထိုအထိအတွေ့တို့ကြောင့် ကောင်လေးမှာ လန့်သွားကာ အငိုတိတ်ပြီး မျက်လုံးအပြူးသားဖြင့် ဆယ်ဟွန်းကို ငေးကြည့်နေလေသည်။ ထို့နောက် ဆယ်ဟွန်းမှာ ကောင်ငယ်လေးကို အသည်းတယားယားဖြစ်လာကာ မျက်နှာအနှံ့တွင် အနမ်းမိုးများကို ကြဲချမိသည်။ တစ်စိမ်း၏အသားကို ထိတွေ့ရန်ဝန်လေးသော ဆယ်ဟွန်းသည် ထိုကောင်လေးကို ပွေ့ပိုက်ထားပြီး နမ်းရှုပ်နေရသည်ကို သဘောကျနှစ်ခြိုက်နေမိသည်။ ကြီးမားနူးညံ့သော အိပ်ယာပေါ်သို့ကောင်လေးကိုတွန်းလှဲချပြီး အုပ်မိုးကာ နမ်းရှိုက်နေသော ဆယ်ဟွန်း၏အနမ်းများက ကောင်လေး၏ လည်ပင်းဆီသို့ ဦးတည်လာလေသည်။ဆယ်ဟွန်း၏ နှုတ်ခမ်းဖြင့် စုပ်ယူခံလိုက် အကိုက်ခံလိုက် လုပ်ခံနေရသော ကောင်လေး၏ ကိုယ်လုံးသည် တွန့်လိမ်လာကာ တိုးညင်းသောအသံဖြင့်

Empire's Soul MateWhere stories live. Discover now