Soul Mate 35

217 28 4
                                    

Zawgyi #

လုဟန် သတိပြန်ရသည့်နှစ်ရက်မြောက်နေ့ဖြစ်သည် ။ တစ်နေ့က မိဖုရားမင်ယွီ၏ စကားကြောင့်ချီတုံချတုံဖြစ်လို့နေသည်။ မိမိမှာယောကျာ်းလေးတစ်ယောက်ဖြစ်ပြီး ဆယ်ဟွန်းအနားတွင် အဆောင်အယောင်အပြည့်ဖြင့်နေခွင့်ရသည်မှာပင် ကံကောင်းလွန်းလှချေပြီ။ မိဖုရားများဆီသို့ ဆောင်တော်မကူးဘဲ မိမိထံတွင် ညတိုင်းအချိန်ကုန်ဆုံးလေ့ရှိသော ဆယ်ဟွန်းမှာ မိမိကြောင့်နှင့် တစ်ဖက်နိုင်ငံကို ရောက်နေရပြီး အခက်အခဲနှင့်ရင်ဆိုင်ရမည်ကို လုဟန်မလိုလားတော့ပေ။ အနားတွင်လည်း အစောင့်အကြပ်အပြည့်နှင့်မို့ နယ်စပ်တွင်ရှိသည့် မိဖုရားမင်ယွီပြောသော သမားတော်ဆီသို့ သွားရန် အကူအညီတောင်းဖို့ စောင့်နေလိုက်သည်။

အချိန်အတိအကျပင် မိဖုရားမင်ယွီမှာ ရောက်လာသဖြင့် လုဟန် ဧည့်တွေ့ဆောင်တွင် လက်ဖက်ရည်ပွဲနှင့်ကြိုဆိုလိုက်သည်။ ပြီးနောက် အနားတွင်ရှိသော အထိန်းတော်နှင့် နန်းတွင်းသူများ ၊ အစောင့်များကို ၀န်းခြံအပြင်တွင် စောင့်စေသည်။ မိဖုရားမင်ယွီသည် သူမရှေ့မှ ဖြူဖျော့နေသော လုဟန်ကို ကြည့်ကာ

" ဘယ်လိုလဲ ကြင်ယာတော် ဆုံးဖြတ်ပြီးပြီလား "

လုဟန်သည် တံတွေးတစ်ချက်မြိုချလိုက်ပြီးနောက်

" ဆုံးဖြတ်ပြီးပါပြီ ကျွန်တော်သွားပါ့မယ် ဒါပေမဲ့ ကျွန်တော်ထွက်သွားမယ်ဆိုရင် အဆောင်တော်မှာ ပြဿနာဖြစ်သွားနိုင်တယ်မလား "

" ဒါတော့ စိတ်မပူပါနဲ့ အစစအရာရာ ကျွန်မ စီစဉ်ပေးပါ့မယ် ဒီညနေကစပြီး ကြင်ယာတော် ဖျားနာနေဟန်နဲ့ အဆောင်တော်ထဲက မထွက်ပါနဲ့ အစားအသောက်ကအစ အခန်းအပြင်မှာဘဲချထားခိုင်းပြီး ၀န်းခြံအပြင်ကဘဲ အစောင့်တွေ ၊ နန်းတွင်းသူတွေကို ခစားခိုင်းပါ ကုသရမယ့်ရက်နဲ့ သွားရမယ့်ရက်က ၃ရက်လောက်ဘဲ ကြာမယ့်အချိန်တွင်းမှာ အစစအရာရာကို ကျွန်မစီစဉ်ပေးပါ့မယ် "

" ကောင်းပါပြီ မိဖုရား "

မိဖုရားလင်ချီသည် သူစီစဉ်သည့်အတိုင်းဖြစ်လာသည့်အတွက် ပြုံးလိုက်ကာ ကြင်ယာတော် အဆောင်အတွင်းမှ ပြန်လာခဲ့သည်။ နန်းတွင်းသူတစ်ယောက်မှာ ထိုအချင်းအရာကို တင်ပြရန် မိဖုရား လီမြောင်ဟွာ၏ နန်းဆောင်သို့ထွက်သွားသည်ကို မည်သူမျှ သတိမထားမိပေ။

Empire's Soul MateWhere stories live. Discover now