Zawgyi #
ကျောက်ဂူထဲသို့ရောက်ရောက်ချင်း ပြင်ထားသော အပြင်အဆင်ကြောင့် လုဟန် ငေးမောသွားရသည်။ သားမွှေးဂွမ်းစောင်ခင်းထားသော ကျောက်ကုတင်နှင့် အ၀တ်အထည်များ ၊ စားပွဲနှင့်အပြည့် အစားအသောက် မုန့်မျိုးစုံကိုတွေ့လိုက်ရသဖြင့် မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေလေသည်။
" အရှင် ဒါတွေက "
" အင်း ကိုယ့်ရဲ့ဟန်လေးအတွက် "
ပွေ့ချီထားရာမှ သားမွေးအိအိခင်းထားသော အိပ်ယာခင်းထက် အသာအယာ ချပေးလိုက်ပြီး လက်ထဲသို့ တစ်ချိန်က လက်ဆောင်ပေးခဲ့ဖူးသော ကျောက်စိမ်းအဆောင်လေးထည့်ပေးလာသည်။
" တောင်းပန်ပါတယ်နော် ဟန်လေး ကိုယ်အသုံးမကျလို့ ဒီလိုနေရာကြီးမှာ ဟန်လေးကို ခက်ခက်ခဲခဲနေစေရတာ "
" အာ...မဟုတ်တာ အရှင်ကလဲ "
ကိုယ်လုံးသေးသေးလေးကို ရင်ခွင်ထဲတစ်ဖန်ပြန်လည်ပွေ့ဖက်ထားပြီး လွမ်းသမျှ အတိုးနှင့်ယူနေသလိုပင်။
ဂြီ.....
အယ် .....
အစာအိမ်ထဲမှ လေသံတိုးတိုးမှာ တိုးထွက်လာတော့မှ ဆယ်ဟွန်းလည်း ဖက်ထားသည်ကို လွှတ်လိုက်ကာ
" ဟန်လေး ဗိုက်ဆာနေပြီ ကိုယ်လည်း အလွမ်းသယ်နေရတာနဲ့ ညနေစောင်းပြီး ညစာ စားချိန်ရောက်တာကို မေ့နေတာ လာ ကိုယ် ဟန်လေးကြိုက်တာတွေ ပြင်လာတယ် စားရအောင် "
" ဟုတ် "
လုဟန်ကြိုက်တတ်သော မုန့်များ ၊ ဟင်းများကို တခုချင်း ခွံ့ကျွေးနေသော ဆယ်ဟွန်းကြောင့် လုဟန်မှာ ကလေးလေးတစ်ယောက်လို ခံစားနေရသည်။ စားကောင်းကောင်းနှင့် နှစ်ဦးသား စကားပြောလိုက် ၊ မုန့်စားလိုက်နှင့် ဗိုက်ပင် အတော်အင့်သွားခဲ့ရသည်။
ကောင်းကင်တွင်သာနေသော လရောင်ဖြန်းပက်မှုကြောင့် တောတစ်ခွင်လုံး လရောင်ပြာဖြင့် တောက်ပနေလေသည်။ သစ်ရွက်လေးတွေကြားတိုးတိုက်ခတ်လာသော လေတိုးသံလေးများဖြင့် အစိမ်းရောင်တောက်နေသော ပိုးစုန်းကြူးကောင်လေးများမှာ မြက်ရိုင်းရှည်ပင်များကြား အစုန်အဆန် ကူးလာပျံသန်းနေသည်မှာ ကြည့်ကောင်းလွန်းလှသည်။
YOU ARE READING
Empire's Soul Mate
Fanfictionကံကြမ္မာအလှည့်အပြောင်းနှင့် ဘုရင်ဖြစ်လာမည့် ကောင်လေး မွေးဖွားလာကတည်းက ဘုရင်ဖြစ်မည့်သူအတွက် ဖူးစာဖက်အဖြစ်သတ်မှတ်ခံရပြီးသော နှောင်ချုပ်ခံထားရသည့် ချောလွန်းလှသည့်ကောင်လေး ထိုသူနှစ်ဦး၏ ဆုံတွေ့မှုမှသည် ဖြစ်ပေါ်လာသော အချစ်ပုံပြင်တစ်ပုဒ် ကံကြမ္မာအလှည့်အပြေ...