Zawgyi #
ယာယီနန်းတော်အတွင်းတွင် ဆယ်ဟွန်း ၊ လုဟန် ၊ ဟန်ဘုရင် ရန်ဝေ ၊ မိဖုရား မင်ယွီတို့ရောက်ချိန်တွင် မိဖုရား လီမြောင်ဟွာမှာ နောက်လိုက်ပါများနှင့်အတူ ခရီးဦးကြိုပြုလေသည် ။ တော်ဝင်မျိုးနွယ်များ၏ တစ်နှစ်တစ်ခါကျင်းပသည့် အမဲလိုက်ပွဲတွင် အမတ်များပါ ပါဝင်ခွင့်ရသဖြင့် အမဲလိုက်ကွင်းတွင် လူများစွာဖြင့် စည်ကားနေသည်။ ပထမဆုံးအနေဖြင့် မြားပစ်ပြိုင်ပွဲကို ကျင်းပမည်ဖြစ်ပြီး ပါဝင်ဆင်နွှဲမည့်သူများမှာလည်း အဆင်သင့်နေရာယူထားလျှက်ရှိသည်။ စစ်သည်တော်အငယ်တန်းအဆင့် ၊ အထက်တန်းအဆင့် ၊ စစ်သူကြီးအဆင့် ၊ အမတ်များမှာလည်း ရာထူးအလိုက် ၀င်ရောက်ယှဉ်ပြိုင်မည့်သူများရှိပြီး နောက်ဆုံးတွင် ဆယ်ဟွန်း နှင့် ဘုရင်ရန်ဝေ အလှည့်ဖြစ်လေသည်။
တစ်ဆင့်ပြီး တစ်ဆင့် ယှဉ်ပြိုင်ပြီးနောက်တွင် ဆယ်ဟွန်း နှင့် ဘုရင်ရန်ဝေ အလှည့်သို့ရောက်လာသည်။
" ယောက်ဖတော် ဆယ်ဟွန်း ကိုယ်တို့နှစ်ယောက်တည်း ယှဉ်ပြိုင်ရမှာ နည်းနည်းတော့ ပျင်းစရာကောင်းတယ် "
" ဟား....ဟား....ဒါဆို အရှင်ရန်ဝေက ဘယ်လိုများ ယှဉ်ပြိုင်ချင်လို့လဲ "
ဘုရင်ရန်ဝေသည် လုဟန်ကိုကြည့်လိုက်ကာ
" ဒီက ကြင်ယာတော် လုဟန်ကလည်း မြားပစ်တတ်တယ်လို့ ကိုယ်တော်ကြားတယ် ကြင်ယာတော်က အမျိုးသားတစ်ယောက်ဆိုတော့ ဟောဟိုက မိဖုရားတွေလို ပွဲကြည့်ပရိတ်သတ်လုပ်မနေဘဲ အတူပါဝင်ဖို့ ဖိတ်ခေါ်ချင်လို့ပါ "
ဘုရင်ရန်ဝေ၏ စကားကြောင့် ဆယ်ဟွန်းမှာ မျက်ကနဲ ဒေါသထွက်သွားသော်လည်း လုဟန်မှာ ဆယ်ဟွန်းလက်ကို ဆုပ်ကိုင်လိုက်ပြီး
" အဟင်း အရှင် ရန်ဝေက ကျွန်တော်မျိုးကို အထင်ကြီးနေပြန်ပါပြီ ကျွန်တော်က လေ့ကျင့်နေဆဲ လူတစ်ယောက်ပါ မဖိတ်ခေါ်ရင်တောင်မှ အရှင်ဆယ်ဟွန်းကို ၀င်ပြိုင်ဖို့ ပြောထားပြီးသားပါ "
လုဟန်မှာ ထိုင်နေရာ ခုံမှ ရှေ့သို့ထွက်လိုက်ပြီး တစ်ဖက်ရှိ သစ်သားစင်ပေါ်တွင် တင်ထားသော ကျွဲချိုဖြင့် ပြုလုပ်ထားသော ပန်းဖွားများတပ်ထားသည့် လေးကို ကောက်ယူလိုက်သည်။
YOU ARE READING
Empire's Soul Mate
Fanfictionကံကြမ္မာအလှည့်အပြောင်းနှင့် ဘုရင်ဖြစ်လာမည့် ကောင်လေး မွေးဖွားလာကတည်းက ဘုရင်ဖြစ်မည့်သူအတွက် ဖူးစာဖက်အဖြစ်သတ်မှတ်ခံရပြီးသော နှောင်ချုပ်ခံထားရသည့် ချောလွန်းလှသည့်ကောင်လေး ထိုသူနှစ်ဦး၏ ဆုံတွေ့မှုမှသည် ဖြစ်ပေါ်လာသော အချစ်ပုံပြင်တစ်ပုဒ် ကံကြမ္မာအလှည့်အပြေ...