Soul Mate 49

151 21 10
                                    


Zawgyi #

အာရုံဦးရောင်ခြည်ထွက်ချိန်တွင် ချန်းယောလ်မှာ အ၀တ်အစားလဲပြီးနောက် မခွဲချင်မခွာချင်ဖြင့် မွေ့ယာပေါ်တွင် စောင်ဖြင့်လုံးကာ အိပ်ပျော်နေဆဲဖြစ်သော ဘတ်ဟွန်းကို ကြည့်ကာ နဖူးထက်အနမ်းဖွဖွပေးရင်း အခန်းထဲမှထွက်လာသည်။ မိမိမှာ မြို့စားမင်း၏ သမီးတော် အခြွေအရံအဖြစ် လိုက်ပါလာသည့်အပြင် ဆောင်ရွက်စရာအခြားကိစ္စများရှိနေသည်မို့ ဘတ်ဟွန်းအတွက် အမှာစာတစ်စောင်ချန်ရစ်ကာ တည်းခိုဆောင်ရှိရာသို့ ပြန်လာခဲ့သည်။

တဖြည်းဖြည်းချင်းလင်းလာသည်နှင့် မြို့ထဲရှိဈေးဆိုင်တန်းများလည်း ဖွင့်လာပြီး မနက်စာစားသုံးသူ ၊ ဈေးဝယ်သူများနှင့် ပျားပန်းခတ်နေသည်။ နောက်နှစ်ရက်အတွင်း နန်းတွင်းသို့ကိုယ်လုပ်တော်ရွေးပွဲအဖြစ် ၀င်ကြရမည်ဖြစ်ပြီး တော်ဝင် ကိုယ်တော်လုပ်အဖြစ် အဆင့်ဆင့်စစ်ဆေးမေးမြန်းခြင်းကို ခံရမည့်အပြင် အရည်ချင်းစစ်သည့် စာမေးပွဲများကိုလည်း ဖြေဆိုရမည်ဖြစ်သည်။

ချန်းယောလ်မှာ တည်းခိုဆောင်သို့မရောက်ခင် ဈေးထဲ၌ပင် မနက်စာစားကာ ဈေးထဲတွင် တစ်ပတ်လှည့်လည်ရင်း မြို့တော်နှင့်ပတ်သက်သော သတင်းတစ်ချို့ကို စုံစမ်းကာ တည်းခိုဆောင်သို့ ပြန်လိုက်သည်။

" မင်း ဘယ်တွေလျှောက်သွားနေတာလဲ ၊ ငါ မနက်အစောတည်းက ရှာနေတာ အခန်းထဲလည်း မရှိ ၊ ထမင်းစားဆောင်မှာလည်းမရှိနဲ့ "

ချန်းယောလ် တည်းခိုဆောင် အပေါက်ဝသို့ရောက်ရောက်ချင်းပင် မြည်တွန်တောက်တီးကာပြောလာသော အလုပ်သမားခေါင်းဆောင်နှင့်တွေ့ရလေသည်။

" ကျွန်တော် ဈေးထဲ ခဏသွားတာပါ "

" နောက်ဆို မပြောမဆိုဘဲ လျှောက်သွားမနေနဲ့ ခိုင်းချင်ရင်ရှာမရဘူး "

" ဟုတ် ဒါဆို ကျွန်တော့်ကို ဘာများခိုင်းချင်လို့လဲ "

" အခုမှတော့ ဘာမှ မဟုတ်တော့ဘူး မနက်ဖြန် ည နန်းတွင်းထဲကို ၀င်ရတော့မယ် လျှောက်သွားမနေနဲ့တော့ ကြားလား "

" ဟုတ်ကဲ့ပါ "

ချန်းယောလ်လည်း အလုပ်သမားခေါင်းဆောင် ပြောသမျှ ဟုတ်ကဲ့ချည်းလိုက်ပြီးမှ မိမိအခန်းရှိရာသို့ ပြန်လာလိုက်သည်။

Empire's Soul MateWhere stories live. Discover now