Soul Mate 12

281 45 6
                                    

Zawgyi #

" ကျွန်တော့်ကို စိတ်ဆိုးချင်ဆိုးလိုက်ပါ ကျွန်တော်......... "

မျက်ဝန်းထောင့်မှ မျက်ရည်များစီးကျလာပြီး အသံမှာ တိုးဖျော့ကာ တိမ်ဝင်သွားလေသည်။ ဆယ်ဟွန်းသည် လုဟန်၏အကြောင်းအရင်းမှန်သမျှကို စုံစမ်းသိရှိပြီးသူမို့ ကြားလိုက်ရသော အဖြေကို မမှုပေ။ လုဟန်၏ စိတ်ထဲတွင် ဆယ်ဟွန်းအတွက် နေရာတစ်ခုရှိနေသည်ကို လုဟန်၏ မျက်ဝန်းမှတစ်ဆင့် ဆယ်ဟွန်းခံစားသိမြင်နေရလေသည်။ ၀တ်ရုံလက်ရှည်နှင့် မျက်ရည်တို့ကိုသုတ်ကာ တစ်ဖက်သို့လှည့်သွားသော လုဟန်ကို ဆယ်ဟွန်းနောက်မှ သိုင်းဖက်လိုက်သည်။

" မင်းကိုယ့်ကို ငြင်းဆန်နေမှတော့ မင်းငြင်းဆန်လို့မရအောင် ကိုယ်လုပ်တော့မယ် ကိုယ့်ကိုစောင့်နေပါ "

ဆံနွယ်ပျော့ပျော့အိအိကို အရှေ့ဘက်သို့ချကာ ဂုတ်သားဝင်းဝင်းကို အနမ်းများပေးရင်း ဆယ်ဟွန်းဆိုလာလေသည်။ လုဟန်ရုန်းဆန်ခြင်းမပြုဘဲ ငြိမ်ငြိမ်ကလေးနေကာ ဆယ်ဟွန်းပြောသမျှ နားထောင်နေပြီး စိတ်ထဲတွင် တွေ့တာမကြာသေးသော လူတစ်ယောက်အတွက် လုဟန်စိတ်ခံစားချက်များ ရှုပ်ထွေးနေလေ၏။

ခဏကြာသော် လစ်ဟာသွားသော ခံစားချက်တစ်ခုနှင့်အတူ ဆယ်ဟွန်းသည် လုဟန်၏အဆောင်ထဲမှ ပြန်လည်ထွက်ခွာသွားလေသည်။ ရှိသမျှ ခွန်အားတို့လုယူခံလိုက်ရသလို လုဟန် ထိုနေရာတွင်ပုံလဲကျသွားပြီး တသိမ့်သိမ့်ငိုရှိုက်နေမိ၏။

******** ဘာလို့ ကျွန်တော့်ကိုမှ ဒီလို ကံကြမ္မာဆိုးတွေနဲ့ မွေးဖွားစေရတာလဲ ********

ပြတင်းအပြင်မှ ဆယ်ဟွန်းသည် ချစ်သူ၏ မျက်ရည်တို့ကို ရင်ဆိုင်နိုင်စွမ်းမရှိ အောက်နှုတ်ခမ်းကို ပြတ်မထွက် ကိုက်ထားကာ အစီအစဉ်ကို အမြန်အကောင်အထည်ဖော်ရန် ကြံရွယ်နေလေသည်။

နယ်စပ်တွင် မင်းသားရန်ဝေနှင့် ဆယ်ဟွန်း၏ လျှို့ဝှက်တပ်ဖွဲ့များသည် ဂျိုဆွန်းနိုင်ငံကို တိုက်ခိုက်ရန်နှင့် ဟန်နိုင်ငံကို သိမ်းရန်ကြံရွယ်နေလေသည်။ အိမ်ရှေ့စံရန်ဝေမှာ ယခင်ဟန်မင်းကြီး၏ သားတော်ဖြစ်သော်လည်း ဖခမည်းတော်မင်းကြီး နတ်ရွာစံစဉ်က ငယ်ရွယ်သေးသောကြောင့် ဦးရီးတော်ကသာ ဘုရင်အဖြစ်ဆက်လက်ခံယူခဲ့လေသည်။

Empire's Soul MateWhere stories live. Discover now