Soul Mate 36

169 25 4
                                    

Zawgyi #

လီထယ်အွန်း အမတ်ကြီးသည် နန်းပြင်ရှိ သူ၏အိမ်တော်ရာ ၀န်းခြံအတွင်းတွင် လမ်းလျှောက်နေရင်း တစ်စုံတစ်ခုကို စောင့်မျှော်နေလျှက်ရှိလေသည်။ လမိုက်သောညဖြစ်သောကြောင့် အလင်းရောင်မရှိ ၊ ခြံဝန်းထဲရှိ ထွန်းထားသော မီးအိမ်မှ အလင်းဖျဖျသာရှိလေသည်။ လွန်ခဲ့သော ၃လခန့်မှစပြီး ယခင်မင်းကြီး၏ မယ်တော်ဖြစ်သူမှာ မိမိအား စာဖြင့် ဆက်သွယ်လာသောကြောင့် ချောင်းနိုင်ငံထဲသို့ တိတ်တဆိတ် သွားရောက်ကာ တွေ့ဆုံခဲ့သည်။ အစပထမပိုင်းတွင် ဆယ်ဟွန်းကို ယုံကြည်ကာ ပုန်ကန်မှုတွင် ကူညီခဲ့ပေးသော်လည်း ယောကျာ်းတစ်ယောက်နှင့်ပတ်သက်ကာ မိဖုရားများကို ပစ်ပယ်သည့်အပြင် ရှေးအစဉ်အလာများကို ဖောက်ဖျက်ကာ အချို့သောနန်းတွင်းရေးရာများကို ပြောင်းလဲပစ်သည့် ဆယ်ဟွန်းကို ဆက်အားမပေးချင်တော့ပေ။

မင်းကြီးယွန်ဂျုံး၏ ရုပ်အလောင်းမှာ ထိန်းသိမ်းထားသော်လည်း နတ်ဆရာမ၏အစီအရင်ဖြင့် ဝိညာဉ်ဆက်ကြိုးကို ထည့်သွင်းရာတွင် ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာများကြောင့် ဝိညာဉ်ကိုကြာရှည်စွာ မထိန်းသိမ်းနိုင်ပေ။ ထို့ကြောင့် အမဲလိုက်ပွဲတွင် ဆယ်ဟွန်းကို သတ်ပစ်ပြီး မင်းကြီး( ဂျိုဆွန်းမင်းကြီးဟောင်း ယွန်းဂျုံး) ၏ ဝိညာဉ်ချင်းလဲရန် စီစဉ်မှုမှာ မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် လုဟန်အဆိပ်မိသည့်ကိစ္စကို အရင်းပြုပြီး ဟန်ဘုရင်နှင့် ဆယ်ဟွန်းကိုယ်တိုင် ချောင်းနိုင်ငံသို့ သွားရန် စေလွှတ်ထားသော ချစ်ကြည်ရေး သံအမတ်အဖွဲ့ကို လျှို့ဝှက်စာဖြင့် ပေးပို့ကာ ကြံစည်ခဲ့သည်။ ဟန်နိုင်ငံသို့ မယ်တော်ကြီးတို့အဖွဲ့မှာ ဆယ်ဟွန်း၏ မယ်တော်နှင့် စစ်သူကြီးကို သတ်ရန်ကြံစည်စဉ်အခါက ဆယ်ဟွန်းမယ်တော်၏ ရုပ်အလောင်းမှာ ရရှိပြီးဖြစ်သဖြင့် မယ်တော်ကြီးမှာ ခန္ဓာကိုယ်အသစ်ဖြစ်သော ချယ်ယောင်းမင်းသမီး၏ ကိုယ်ဖြင့် နေထိုင်လျှက်ရှိလေသည်။ ဆယ်ဟွန်းကိုသာ ဤတစ်ကြိမ်တွင် လုပ်ကြံမှု အောင်မြင်ပါက ယွန်ဂျုံးမင်းကြီး၏ ဝိညာဉ်နှင့် လဲကာ ဟန်မပျက် သားအမိနှစ်ယောက် ဂျိုဆွန်းနိုင်ငံကို ပြန်အုပ်ချုပ်ကာ ဟန်မပျက်နေပြီး အခြားနိုင်ငံများကို တိုက်ခိုက်ကာ စုပေါင်းပြီး အင်ပါယာနိုင်ငံအဖြစ်တည်ထောင်ရန်ဖြစ်သည်။

Empire's Soul MateWhere stories live. Discover now