Soul Mate 39

175 26 3
                                    

Zawgyi #

ဝါးခမောက်ကို ခပ်ငိုက်ငိုက်ဆောင်းကာ ချန်းယောလ်တစ်ယောက် လိုအပ်သည်များကို ၀ယ်ယူရင်း ဟန်နိုင်ငံနှင့် ဂျိုဆွန်းနိုင်ငံ၏ သတင်းများကို နားစွင့်နေမိသည်။ အမှန်ဆိုလျှင် ချန်းယောလ် အတိတ်အကြောင်းကို ပြန်သတိရသည်မှာ အုတ်ဂျာ နေပြည်တော်ရှိ အိမ်တော်ကို ပြန်သွားပြီး တစ်ပတ်ခန့်အကြာတွင်ဖြစ်သည်။ တဖြည်းဖြည်းချင်းစီ မှတ်ဉာဏ်များပေါ်လာသော်လည်း ရှင်းရှင်းလင်းလင်းမဟုတ်။ ထို့နေ့က ဈေးထဲတွင် ပြန်တွေ့လိုက်ရသော ဟန်နိုင်ငံမှ မင်းသမီးယုံးယုံးကြောင့်ဆိုလျှင်မမှားပေ။ သို့သော်လည်း ဘတ်ဟွန်းကို မပြောဖြစ်။

ယခုတစ်လော ဆေးပေးခန်းနားနေချိန်တွင် တစ်ယောက်တည်း ပျောက်ပျောက်သွားတတ်သော ချန်းယောလ်ကို ဘတ်ဟွန်း သတိထားနေမိသည်။ ယနေ့လည်း အလားတူပင် နေ့လည်ခင်း မိမိတစ်ရေးနားနေခိုက် ဆေးပေးခန်းမှ ဈေးသွားမည်ဆိုကာ ပျောက်သွားပြန်သည်။ ချန်းယောလ်ထွက်သွားသည်နှင့် ဘတ်ဟွန်းလည်း သာမန်ချည်ထည်အင်္ကျီ ၊ ဇာပုဝါပါးအုပ်ကာ အနောက်မှ မသိမသာလိုက်ခဲ့သည်။

ဈေးထဲရှိ စားသောက်ဆိုင်တစ်ခုအရောက် အထဲသို့ဝင်သွားပြီး အပေါ်ထပ်သို့တက်သွားရာ ဘတ်ဟွန်းမှာလည်း အနောက်မှ မသိလိုက်မသိဘာသာဖြင့် ဆိုင်ထဲသို့လိုက်ဝင်သွားပြီး ကြည့်သော် အပေါ်ထပ်ရှိ သီးသန့်ခန်းထဲသို့ အမျိုးသမီးတစ်ယောက်နှင့် အတူဝင်သွားသည်ကို တွေ့လိုက်ရလေသည်။ စိတ်ထဲတွင် ဟာကနဲ ခံစားချက်တစ်ခုနှင့်အတူ ဘယ်ဘက်နှလုံသားအိမ်မှ ထိုးအောင့်မှုတစ်ခုနှင့်အတူ မျက်ရည်ပူများသည် ပါးပြင်ပေါ်သို့ တလိမ့်လိမ့်ကျဆင်းလာခဲ့၏။ ထို့အတူ စားသောက်ဆိုင်ပေါ်မှ ပြန်ဆင်းလာကာ ဆေးပေးခန်းရှိရာသို့ တရှိန်ထိုး ပြန်ပြေးလာခဲ့မိသည်။ လမ်းတစ်လျှောက်လုံးလည်း လူတွေကို ၀င်တိုက်မိသလို ၊ ချော်လဲသည်မှာ အကြိမ်ကြိမ် ၀တ်ထားသည်များလည်း ပေရေစုတ်ပြတ်ကာ အခန်းရှေ့ရှိ ကွပ်ပြစ်ပေါ်တွင် ငူငူကြီးထိုင်နေမိသည်။

" ဟင် ...သခင်လေး..."

ဆေးပေးခန်းသို့ ပြန်ရောက်ရောက်ချင်း ပေရေစုတ်ပြတ်ကာ ငူငူကြီးထိုင်နေသော ဘတ်ဟွန်းကြောင့် ချန်းယောလ် အပြေးအလွှားအနားသို့ သွားကာ

Empire's Soul MateWhere stories live. Discover now