Zawgyi #
" ချန်း သခင်လေးကို သေချာစောင့်ရှောက်နော် တောထဲ ဆေးမြစ်သွားတူးရင်လည်းလိုက်သွား ဟိုတစ်ခါကလည်း ငါ့ကို ပတ်ပြီးတစ်ယောက်တည်း ထွက်သွားတာ "
အုတ်ဂျာမှာ အထုတ်ပိုးများကို ပြင်နေရာမှ ချန်းယောလ်ကို ပြောလာလေသည်။
" အင်းပါ မင်းမရှိတဲ့ အချိန် ငါသေချာစောင့်ရှောက်ထားပါ့မယ် စိတ်ချပါ "
" အေးပါကွာ သခင်လေးက သနားပါတယ် အိမ်တော်မှာ အငယ်ဆုံးဆိုပေမဲ့ သခင်ကြီးတို့က စည်းကမ်းကြီးတယ် ငယ်ငယ်တည်းက အရမ်းကို ချုပ်ချယ်ထားတာ "
" ဒါနဲ့လေ အုတ်ဂျာ သခင်လေး ဘတ်ဟွန်း မျက်နှာမှာ ဘာလို့အမြဲပဝါနဲ့အုပ်ထားတာလဲ "
" အဲတာက သခင်လေး ငယ်ငယ်က နေမကောင်းတအားဖြစ်တာလေ ဘိုးဘိုးကြီးက ရှေ့ရေးကြိုမြင်တဲ့ အစွမ်းရှိတယ် သူက တွက်ချက်ပြီးတော့ သခင်လေးကို ဆေးကုပေးပြီးနောက်ပိုင်း မျက်နှာကို ပုဝါ အမြဲအုပ်ထားတော့တာ ငါလည်း ငါ့အဖေအမေတွေ ပြောတာပြန်ကြားတာဘဲ သိပ်တော့နားမလည်ဘူး "
အုတ်ဂျာစကားကို ချန်းယောလ်မှာ တွေတွေကလေး စဉ်းစားနေ၏။
" မင်းရော အခု မင်းဘာတွေဖြစ်ခဲ့တယ်ဆိုတာ စဉ်းစားလို့ရလား "
" မရပါဘူးကွာ စဉ်းစားလိုက်တိုင်း ခေါင်းတွေတအားကိုက်လာသလို ဦးနှောက်ထဲမှာလည်း ဗလာဟင်းလင်းကြီး ဖြစ်နေတယ် "
" မင်းကြည့်ရတာ အိမ်တော်တစ်ခုခုက သခင်လေးမျက်နှာပေါ်တယ် ငါလည်း မြို့တော်ပြန်ရောက်ရင် မင်းနဲ့ပတ်သက်ပြီး စုံစမ်းကြည့်ပါ့မယ် "
" အင်းပါ ကျေးဇူးပါ အုတ်ဂျာ လောလောဆယ်တော့ သခင်လေး ဘတ်ဟွန်းက ငါ့ရဲ့ အသက်သခင်ကျေးဇူးရှင်ဘဲ အိပ်တော့ မနက်စောစော မင်းလည်း မြို့တော်ကို ပြန်ရမှာမလား နောက်ကျနေပြီ နားတော့ ငါလည်း အိပ်တော့မယ် "
" အင်း ကောင်းသောညပါ ချန်း "
" ကောင်းသောညပါ အုတ်ဂျာ "
ချန်းယောလ် ဤနေရာလေးကို ရောက်သည့်အချိန်မှစပြီး ဆေးများထားသော ဂိုထောင်ကို ပြုပြင်ကာ အခန်းတစ်ခုဖြစ်အောင် ဖန်တီးပြီး နေရာပေးခဲ့သည်။ ချန်းယောလ်မှာ အိပ်မပျော်သဖြင့် ခြံဝန်းထဲရှိ မက်မုံပင်အောက်တွင် ထိုင်နေမိသည်။ ဆောင်းရာသီရောက်စမို့ အအေးဓာတ်က ပတ်ဝန်းကျင်တွင် လွှမ်းခြုံနေသည်။ ညကောင်းကင်သည် တိမ်ကင်းစင်ကာ လခြမ်းကွေးကွေးက အနောက်ကောင်းကင်တစ်ဖက်စွန်းတွင် မေးတင်ကာ ရှိနေသည်။ လရောင်အစား တလက်လက်တောက်ပနေသော ကြယ်ရောင်များက ညအလှကို ပံ့ပိုးပေးလျှက် ရှိလေသည်။
YOU ARE READING
Empire's Soul Mate
Fanfictionကံကြမ္မာအလှည့်အပြောင်းနှင့် ဘုရင်ဖြစ်လာမည့် ကောင်လေး မွေးဖွားလာကတည်းက ဘုရင်ဖြစ်မည့်သူအတွက် ဖူးစာဖက်အဖြစ်သတ်မှတ်ခံရပြီးသော နှောင်ချုပ်ခံထားရသည့် ချောလွန်းလှသည့်ကောင်လေး ထိုသူနှစ်ဦး၏ ဆုံတွေ့မှုမှသည် ဖြစ်ပေါ်လာသော အချစ်ပုံပြင်တစ်ပုဒ် ကံကြမ္မာအလှည့်အပြေ...