Zawgyi #
ဆတ်သမင်တစ်ကောင်ကို ပစ်ခတ်ဖမ်းဆီးရသော်လည်း ၊ တောနက်ပိုင်းသို့ရောက်နေသော ဆယ်ဟွန်းတို့လူစုမှာ လမ်းများမှာ ရှုပ်ထွေးကာ ဘယ်အရပ်မျက်နှာဆီသို့ သွားသွား ဤနေရာသို့ ပြန်လည်ရောက်နေသည်မို့ ညနေစောင်းသည့်တိုင် လမ်းလည်းပျောက်လို့နေသည်။ ဆယ်ဟွန်း ၊ ဘုရင်ရန်ဝေနှင့် နောက်လိုက်ငယ်သားတစ်စုသည် ချွေးများစိုရွှဲကာ မောဟိုက်လာပြီး ကြံရာမရဖြစ်လို့နေ၏။
" တောက်ခ် ဘာဖြစ်တာလဲကွာ ..."
" အင်း ဒီတောအုပ်က ကျွန်တော်တို့ သွားဖူးတဲ့ တောတွေနဲ့မတူဘူး ထူးခြားတယ်အရှင် "
ဆယ်ဟွန်း၏ ကိုယ်ရံတော်မှာ တင်လျှောက်လာသည်။
အူး......................
ဆွဲငင်စွာ အူလိုက်သော အသံမှာ ဆယ်ဟွန်းတို့လူစု ရပ်နေသည့် နောက်ဘက် သစ်ပင်အုပ်ဆီမှ ကျောချမ်းဖွယ်ရာ ထွက်ပေါ်လာလေသည် ။
" သတိထား ..... "
သတိပေးသံမဆုံးခင်ပင် သစ်ပင်များ၏ နောက်ပါးဆီမှ နီရဲသော မျက်လုံးများမှာ ဟိုနေရာ ၊ သည်နေရာမှသည် အလျှိုလျှို ထွက်လာသည်။
" ဟင် .... ၀ံပုလွေအုပ်ပါလား "
ဂီး.................. ဂီး...............
အစွယ်ဖွေးဖွေးဖြင့် ဆာလောင်နေသော ၀ံပုလွေအုပ်စုမှာ အရိုင်းဆန်ကာ သွေးဆာနေပုံပေါ်လေသည်။ ဖမ်းဆီးရမိထားသော ဆတ်သမင်ကို စားလိုဟန်ဖြင့်လည်း ကြည့်လျှက်ရှိသည်။
" စက်ဝိုင်းပုံ လူစု "
ဆယ်ဟွန်းမှာ ပတ်လည်ဝိုင်းကာ ပေါ်လာသော ၀ံပုလွေများကို တိုက်ခိုက်ရန် စက်ဝိုင်းသဏ္ဌာန်လူစုပြီး ဓားများဖြင့် အသင့်ချိန်ရွယ်ထားရန် ညွှန်ကြားလိုက်သည်။
ဘုရင်ရန်ဝေမှာ ဧည့်သည်တော်တစ်ယောက်ဖြစ်သည့်အတွက် ဆယ်ဟွန်းသည် မိမိ၏ လက်အောက်ငယ်သားများကို အထူးစောင့်ရှောက်ရန် ညွှန်ကြားပြီး ကိုယ်တိုင်မှာမူ တစ်ကောင်ပြီးတစ်ကောင်ခုန်ဝင်လာသော ၀ံပုလွေများကို တိုက်ခိုက်နေသည်။
xxxxxxxxxxxxxxxxxxxx
တစ်စထက် တစ်စ နေ့အလင်းရောင် ပျောက်ကာ မဲပြာရောင် တိမ်တို့ဖုံးပြီး ညနတ်သမီးသည် ချင်းနင်းဝင်ရောက်လို့လာသည်။ လုဟန်မှာ စောင့်ကျန်ရစ်သော သစ်ပင်အောက်တွင် ဆယ်ဟွန်းတို့ထွက်သွားရာဘက်သို့ တမျှော်မျှော်ဖြင့်ရှိလေသည်။ ဆုတောင်းမှုကိုလည်း မပြတ် ။ နောက်ဆုံးတွင် လက်ကျန်အလင်းရောင်ကျန်ချိန်တွင် ဆယ်ဟွန်းတို့ကို ရှာရန် စိတ်ပိုင်းဖြတ်လိုက်သည်။
YOU ARE READING
Empire's Soul Mate
Fanfictionကံကြမ္မာအလှည့်အပြောင်းနှင့် ဘုရင်ဖြစ်လာမည့် ကောင်လေး မွေးဖွားလာကတည်းက ဘုရင်ဖြစ်မည့်သူအတွက် ဖူးစာဖက်အဖြစ်သတ်မှတ်ခံရပြီးသော နှောင်ချုပ်ခံထားရသည့် ချောလွန်းလှသည့်ကောင်လေး ထိုသူနှစ်ဦး၏ ဆုံတွေ့မှုမှသည် ဖြစ်ပေါ်လာသော အချစ်ပုံပြင်တစ်ပုဒ် ကံကြမ္မာအလှည့်အပြေ...