Soul Mate 9

351 49 2
                                    

Zawgyi #

ဘတ်ဟွန်းမှာ အုတ်ဂျာနှင့်အတူ အိမ်တော်မှထွက်ခွာလာပြီး ဘတ်ဒူတောင်ခြေအနီးရှိ ရွာတစ်ရွာသို့ရောက်လာလေသည်။ အဖိုး၏စီစဉ်မှုဖြင့် ထိုရွာတွင်နေထိုင်ရန် ရွာလူကြီးအကူအညီဖြင့် ရွာစွန်တွင် နေအိမ်တစ်လုံးမှာ ပြင်ဆင်ပြီးသားဖြစ်လေသည်။ ရွာစွန်ဖြစ်နေသောကြောင့် တိတ်ဆိတ်ကာ တောင်ပေါ်သွားရန်အဆင်ပြေသည့်နေရာလည်းဖြစ်သည့်အပြင် ခြံဝန်းလေးမှာ သပ်သပ်ရပ်ရပ်ဖြင့် သန့်ရှင်းလှပစွာရှိလေသည်။ ဆေးလှန်ရန်စင်နှင့်တစ်ကွ စားနပ်ရိက္ခာ ၊ ပရဆေးများကို သိုလှောင်ရန် ဂိုဒေါင်သဖွယ် အခန်းပိုတစ်ခန်းလည်းရှိလေသည်။ ပင်မအိမ်တွင် ဘတ်ဟွန်းအတွက် အိပ်ခန်းကျယ်တစ်ခန်းနှင့် ဘေးအဖီတွင် အုတ်ဂျာနေရန်အခန်းငယ်တစ်ခု ၊ ချက်ပြုတ်စားသောက်ရန် မီးဖိုချောင် ၊ ဆေးဖော်စပ်ရန် အဆောင်တစ်ခုလည်းရှိသေး၏။ ရွာလူကြီးမှာ အိမ်ခြံဝင်းကို လိုက်ပါပို့ဆောင်ပြီးနောက် လူလွှတ်ကာ ဘတ်ဟွန်းတို့အတွက် ဆန်နှင့် ရိက္ခာခြောက်များကို ပို့ပေးလေသည်။ ဘတ်ဟွန်းမှာ ခြံဝန်းအတွင်းလှည့်လည်ကြည့်ရှုကာ နောက်ရက်များတွင် လိုအပ်သည့်ပစ္စည်းများ ၀ယ်ရန်စစ်ဆေးနေလေသည်။ အုတ်ဂျာမှာ သယ်ဆောင်လာသော ပစ္စည်းများကို နေရာတစ်ကျချကာ ၊ ရွာလူကြီးလွှတ်ပေးလိုက်သော လူများ၏အကူအညီဖြင့် သုံးရန်ရေသယ်ခြင်းအမှုနှင့် ညနေစာချက်ရန်အတွက်စီစဉ်နေလေသည်။ ခြံဝန်းအနောက်ဖက်ယွန်းယွန်းသို့ လှမ်းမျှော်ကြည့်မည်ဆိုလျှင် ဘတ်ဒူတောင်သွယ် စိမ်းညှို့ညှို့ကို ဘတ်ဟွန်းမြင်နေရလေသည်။ စည်းကမ်းတင်းကြပ်သော အိမ်တော်ထက်စာလျှင် ဤခြံဝန်းငယ်နှင့် သစ်သားအိမ်လေးမှာ ဘတ်ဟွန်းအတွက် လွတ်လပ်မှုကို ခံစားစေလေသည်။ လေပြေမှာ ညင်းသွဲ့သွဲ့တိုက်ခတ်နေကာ ခြံဝန်းအတွင်းရှိ ပန်းလိမ္မော်ပင်မှ သစ်ရွက်စိမ်းရနံ့ မှာ ဘတ်ဟွန်းနှာခေါင်းဖျားကို ကလူကျီဆယ်နေလေသည်။ မျက်ဝန်းတို့ကို အသာမှိတ်ရင်း မြို့တော်နှင့်မတူသော သဘာဝတောတောင်၏ လတ်ဆတ်မှုကို ဘတ်ဟွန်းခံစားနေခိုက်

သခင်လေး ညစာအတွက် အသင့်ပြင်ပြီးပါပြီ ကိုယ်လက်ဆေးဖို့လည်း ရေနွေးကျိုပြီးပါပြီ အနားယူဖို့လည်း အိပ်ဆောင်မှာ အသင့်ပါ ခရီးပန်းလာတော့ ဘာကိုများအရင်ဆောင်ရွက်ပေးရမလဲခင်ဗျာ့

Empire's Soul MateWhere stories live. Discover now