ZAwgyi #
လုဟန် နှင့် နတ်ဆရာမလိုက်ပါလာသော လှည်းတန်းမှာ ဂျိုဆွန်းနန်းတော်၏ အနောက်တံခါးမှတစ်ဆင့် နန်းတွင်းထဲသို့ရောက်ခဲ့ပြီဖြစ်သည်။ ကျယ်ဝန်းလှသော နန်းတော်အတွင်း လုဟန်တို့ ရောက်ရှိနေသည့်နေရာသည် သွားလာရန်ကန့်သတ်ထားသည့် အထူးနယ်မြေဖြစ်သည်မို့ နန်းတွင်းသူ ၊ နန်းတွင်းသားများ သိပ်မရှိပေ။
တော်ဝင်မိသားစုနှင့် အထူးအခွင့်ရှိ အမတ်များတောင်မှ အမိန့်မပါလျှင် ၀င်ခွင့်မရသော နန်းဆောင်လည်းဖြစ်လေသည်။ လုဟန်၏မိဘနှစ်ပါးသည်လည်း နန်းတွင်းထဲတွင်နေစေသော်လည်း လုဟန်ကို ခေါ်ဆောင်လာသောနေရာ နှင့်မတူပေ။ အစီအရင်တစ်ခါ ပျက်သွားပြီပြီမို့ နက္ခတ်သင့်ချိန်ကို ပြန်စောင့်ရဦးမည်။
မင်းကြီးလာရာလမ်းတွင် လုပ်ကြံသူများရှိနေကတည်းက မယ်တော်ကြီးမှာ စိတ်တိုင်းမကျတော့သဖြင့် နန်းတွင်းသို့ တိတ်တဆိတ်ခေါ်ဆောင်ရခြင်းဖြစ်လေသည်။ ချောမောသောလုဟန်ကို အကျိုးတစ်ခုအတွက်သာ အသုံးချရန်ဖြစ်ပြီး နှုတ်ပိတ်ဖို့ရန်လည်း စီစဉ်ထားပြီးဖြစ်သည်။
အာဏာရရေးနှင့် မိမိ၏သားတော် ယွန်ဂျုံးမင်းကြီး၏နန်းဆက်သာ ဂျိုဆွန်းပြည်ကို ဆက်လက်အုပ်ချုပ်ဖို့ရည်ရွယ်သည်။ ထို့ကြောင့်လမ်းတွင် ဖြစ်လာသမျှ ဆူးညောင့်ခလုတ်ကို မိမိလက်တွင် သွေးစွန်းသည့်တိုင်အောင် ဖယ်ရှားဖို့ရန် ၀န်မလေးပေ။
အထိန်းတော်ကြီးမှာ လုဟန် နှင့် နတ်ဆရာမ ဘေးကင်းစွာ နန်းတွင်းသို့ရောက်ရှိလာကြောင်းကို လျှောက်တင်ပြီးဖြစ်၍ မယ်တော်ကြီးမှာ တစ်ထစ်ချ စိတ်အေးချမ်းသာသွားလေပြီ။ လွန်ခဲ့သည့်ရက်ကလည်း မင်းသမီးချယ်ယောင်း၏ သားကြီးကိုလည်း ဖယ်ရှားပြီးဖြစ်လေသည်။ သားတော် ယွန်ဂျုံးမင်းကြီးကြောင့်သာ ချယ်ယောင်းမင်းသမီးကို တစ်ချိန်ကလွှတ်ပေးခဲ့သော်လည်း မယ်တော်ကြီးသည် ကျူပင်ခုတ်က ကျူငုတ်မချန်လိုက်လံရှင်းခဲ့သည်။
သို့ပေမဲ့ ချယ်ယောင်းမင်းသမီးသည် ကံကောင်းလွန်းလှသည်ဟု ဆိုရမည်။ စစ်သူကြီးဆယ်ဂျောင်၏ ကယ်တင်မှုဖြင့် တစ်ဖက်နိုင်ငံသို့လွတ်မြောက်သွားသည်။ သို့ပေမဲ့ ယခုတော့ ဟန်ဘုရင်နှင့် လျှို့ဝှက်စွာဆက်သွယ်ပြီး အပေးအယူလုပ်ပြီးပြီမို့ မင်းသမီးချယ်ယောင်း နှင့် စစ်သူကြီးဆယ်ဂျောင်၏ အဆုံးသတ်မှာလည်း မိမိလက်ခုပ်ထဲက ရေဖြစ်လို့နေပြီ။ မယ်တော်ကြီးသည် သူမ၏ အစီအစဉ်များကို နှစ်ခြိုက်စွာတွေးရင်း အိပ်ဆောင်ဝင်ခဲ့လေသည်။
YOU ARE READING
Empire's Soul Mate
Fanfictionကံကြမ္မာအလှည့်အပြောင်းနှင့် ဘုရင်ဖြစ်လာမည့် ကောင်လေး မွေးဖွားလာကတည်းက ဘုရင်ဖြစ်မည့်သူအတွက် ဖူးစာဖက်အဖြစ်သတ်မှတ်ခံရပြီးသော နှောင်ချုပ်ခံထားရသည့် ချောလွန်းလှသည့်ကောင်လေး ထိုသူနှစ်ဦး၏ ဆုံတွေ့မှုမှသည် ဖြစ်ပေါ်လာသော အချစ်ပုံပြင်တစ်ပုဒ် ကံကြမ္မာအလှည့်အပြေ...