Zawgyi #
စစ်သူကြီး ဆယ်ဂျောင်၏ စာဖတ်ခန်းတွင် သားအဖနှစ်ယောက်မှာ တိတ်ဆိတ်စွာဖြင့် ထိုင်နေကြသည်။ အတန်ကြာမှ
" သား ချန်းယောလ် "
" ဟုတ် အဖေ ကျွန်တော့်ကို ဘာများပြောမလို့ပါလဲ "
စစ်သူကြီး ဆယ်ဂျောင်၏မျက်နှာမှာ ဆက်ပြောရမည့်စကားအတွက် ၀န်လေးနေဟန်ရှိလေသည်။ နဖူးကြောများမှာ စုကြုံ့နေကာ
" အဖေ "
ချန်းယောလ်၏ အကြည့်များမှာ တည်ကြည်လေးနက်နေသဖြင့် စစ်သူကြီးဆယ်ဂျောင်မှာ စိတ်ချသလိုဖြစ်သွားကာ
" ဘုရင့်လျှို့ဝှက်အမှုကိုထမ်းပေးရမယ် "
စကားလုံးများမှာ တိကျပြတ်သားစွာ တစ်လုံးချင်းထွက်လာသည်။
" ဂျိုဆွန်းပြည်ကို သမီးတော်ဆက်သရမယ့်ခရီးမှာ သားတော်လျှို့ဝှက်လိုက်ပါပြီး စောင့်ကြပ်ပေးရမယ် "
" ဗျာ............. "
သမီးတော်ဆက်သမည်ဆိုသည့်စကားကြောင့် ချန်းယောလ်မှာ ငိုင်တွေသွားလေသည်။ ဟန်နန်းတော်သို့ရောက်ပြီးကတည်းက ချန်းယောလ်နှင့် ဆယ်ဟွန်းမှာ ဟန်ဘုရင်၏ ချစ်ခင်မှုကိုရကာ ဟန်ဘုရင်၏ သားတော် ၊ သမီးတော်များနှင့် တန်းတူ နန်းတွင်းတွင် ပညာသင်ကြားခွင့်ရလေသည်။ မင်းသမီး ယုံးယုံးမှာ ချန်းယောလ်ကို ငယ်စဉ်ကတည်းကတွယ်ကပ်လွန်းပြီး အရွယ်ရောက်လာသည့်အခါတွင်လည်း လက်ဆက်ကြမည်ဟု တတွတ်တွတ်ပြောနေသူဖြစ်သည်။ သို့သော် ကံကြမ္မာက ရက်စက်လွန်းလှသည်။ ချစ်ရသူကိုဖွင့်မပြောခင်ပင် ရှင်ကွဲကွဲရမည့်အပြင် တစ်ပါးသူနှင့် လက်ဆက်မည့်ခရီးကို ကိုယ်တိုင်လိုက်ပါ စောင့်ရှောက်ရဦးမည်ဆိုသတဲ့ ၊ ဘယ်လောက်တောင် ရက်စက်လိုက်တဲ့ ကံကြမ္မာပါလဲ ........................
" သား ချန်းယောလ် "
ဖခင်ဖြစ်သူ နာမည်ထပ်ခေါ်လိုက်မှ အသိပြန်လည်လာသော ချန်းယောလ် ဒူးနှစ်ဖက်ပေါ်တင်ထားသော လက်သီးဆုပ်နှစ်ဖက်မှာ တင်းတင်းဆုပ်လျှက်သား
" ခရီးစဉ်က ဘယ်တော့လဲ အဖေ "
အရှင့်အရိပ်တွင် ခိုလှုံ့နေရသူမို့ တာဝန်ကိုကျေပွန်စွာထမ်းရွက်ပေရမည်။
YOU ARE READING
Empire's Soul Mate
Fanfictionကံကြမ္မာအလှည့်အပြောင်းနှင့် ဘုရင်ဖြစ်လာမည့် ကောင်လေး မွေးဖွားလာကတည်းက ဘုရင်ဖြစ်မည့်သူအတွက် ဖူးစာဖက်အဖြစ်သတ်မှတ်ခံရပြီးသော နှောင်ချုပ်ခံထားရသည့် ချောလွန်းလှသည့်ကောင်လေး ထိုသူနှစ်ဦး၏ ဆုံတွေ့မှုမှသည် ဖြစ်ပေါ်လာသော အချစ်ပုံပြင်တစ်ပုဒ် ကံကြမ္မာအလှည့်အပြေ...