Zawgyi #
အသိပြန်ဝင်လာသည်နှင့် အတိုင်းအဆမရှိ နာကျင်မှုမှာ ခန္ဓာကိုယ်အနှံ့ပင်ဖြစ်လေသည်။ အားယူဖွင့်ကာ ကြည့်လိုက်သော် စိမ်းသက်သော ပတ်ဝန်းကျင်အနေအထားကြောင့် လုဟန်မှာ မည်သို့ဖြစ်ပျက်ခဲ့သည်ကို စဉ်းစားနေရသည်။ မိဖုရား မင်ယွီ၏ စကားအဆိုအရ ဆေးကုရန်ထွက်လာပြီး တောတွင်းတစ်နေရာတွင် တိုက်ခိုက်ခံလိုက်ရပြီးနောက်ပိုင်း ဘာကိုမျှ မမှတ်မိတော့ပေ။
လှဲနေရာမှ တစ်ဖြည်းဖြည်းချင်းထသော် မိမိလှဲနေသည်မှာ ကျောက်ကုတင်တစ်ခုဖြစ်နေပြီး ရောက်နေသည်မှာလည်း ကျောက်ဂူတစ်ခုထဲတွင်ဖြစ်ကြောင်းတွေ့ရသည်။
" အာ သတိရပြီလား "
ဝါညက်သော အသံကြောင့် ကြည့်သော် ဆံပင်များဖြူဖွေးကာ ကြည်လင်နေသော မျက်နှာနှင့် အသက်ကြီးကြီးအဖိုးအိုတစ်ဦးကို တွေ့ရလေသည်။ အဖိုးအိုဟုဆိုသော်လည်း သန်မာဖြတ်လတ်နေသည်မှာ လူငယ်လေးတစ်ယောက်လိုပင်။
" အဖိုးက ဘယ်သူများလဲ "
" အင်း... အဖိုးနာမည်ကို ဖိုးသက်ရှည်လို့ဘဲ အလွယ်မှတ်လိုက်ပါ "
" ဟုတ်ကဲ့ "
တုန်တုန်ယင်ယင်ဖြစ်နေသော လုဟန် နားဆီသို့ အဖိုးအိုမှာ ဆေးတစ်ခွက်ဖြင့်ရောက်လာပြီး
" ရော့ လူလေး ဒါလေးသောက်လိုက် မင်းက အာဟာရမမှီဝဲရတာ ကြာပြီ အင်း ကြာဆို မင်းသတိမေ့နေတာလဲ တစ်လကျော် နှစ်လထဲဝင်နေပြီးကို ကံအများကြီးကောင်းလို့သာ မင်း အသက်ဆက်ရှင်နေတာ ဒါပေါ့လေ မင်းမှာ လွန်ဆန်မရတဲ့ ကံကြမ္မာတွေရှိနေသေးတာကိုး "
ဖိုးသက်ရှည်ဆိုသူမှာ လုဟန်ကုတင်ဘေးရှိ ခုံတစ်ခုံတွင် ထိုင်ကာ ခပ်ညည်းညည်းလေးပြောလေသည်။ လုဟန်သည် ဆေးခွက်ကို တရိုတသေလှမ်းယူကာ သောက်လိုက်ပြီး အဖိုးအိုပြောသမျှကို နားမလည်သလိုဖြစ်နေသည်။
" ကျွန်တော် မေ့နေတာ တစ်လကျော်ပြီ ဒါ..ဒါဆို....အရှင်..."
ကုတင်ပေါ်မှ ဆင်းရန် ကြံစည်နေသော လုဟန်ကို အဖိုးအိုမှာ ပခုံးမှ ဖိချလိုက်သည်။
" စိတ်မလောနဲ့ လူလေး လောလောဆယ်မှာ မင်းရဲ့ ခန္ဓာကိုယ် ပြန်ကျန်းမာဖို့အရေးကြီးတယ် မင်းရဲ့မိတ်ဖက်နဲ့ မင်းသေချာပေါက်ကို ပြန်ဆုံရမှာ အခုလောလောဆယ်တော့ အဖိုးစကားကို နားထောင်ပါ ..."
YOU ARE READING
Empire's Soul Mate
Fanfictionကံကြမ္မာအလှည့်အပြောင်းနှင့် ဘုရင်ဖြစ်လာမည့် ကောင်လေး မွေးဖွားလာကတည်းက ဘုရင်ဖြစ်မည့်သူအတွက် ဖူးစာဖက်အဖြစ်သတ်မှတ်ခံရပြီးသော နှောင်ချုပ်ခံထားရသည့် ချောလွန်းလှသည့်ကောင်လေး ထိုသူနှစ်ဦး၏ ဆုံတွေ့မှုမှသည် ဖြစ်ပေါ်လာသော အချစ်ပုံပြင်တစ်ပုဒ် ကံကြမ္မာအလှည့်အပြေ...