Soul Mate 8

359 49 4
                                    

Zawgyi #

" မယ်တော်ကြီး ............"

အလောတကြီးနဲ့ အမည်ခေါ်ပြီး နန်းဆောင်ထဲသို့ဝင်လာသော အထိန်းတော်ကြီးကြောင့် ယွန်ဂျုံးမင်းကြီး၏ မိခင် မယ်တော်ကြီးမှာရေနွေးကြမ်းသောက်နေရာမှ မော့ကြည့်လိုက်လေသည်။

" အထိန်းတော်ကြီး ဘာတွေရေးကြီး သုတ်ပြာဖြစ်လာပြန်ပြီလဲ "

ညခင်းပိုင်းရောက်နေသည့်အတွက်ကြောင့် မကြာခင်အိပ်စက်တော့မည့် မယ်တော်ကြီးမှာ ဆေးရေနွေးကြမ်းပန်းကန်ကိုအပျိုတော်တစ်ယောက်အားသိမ်းဆည်းခိုင်းလိုက်သည်။

" မယ်တော်ကြီး ...ဟို...ဟိုလေ........."

ပျက်ယွင်းနေသည့် အထိန်းတော်ကြီး၏ မျက်နှာကြောင့် အဆောင်တော်အတွင်းခစားနေသူအားလုံးကို လက်တစ်ဖက်ကို အသာအယာထောင်ပြရင်း ထွက်သွားရန် မယ်တော်ကြီးခိုင်းစေလိုက်လေသည်။

" ဘယ်လိုလဲ အထိန်းတော်ကြီး ဘာတွေအဆင်မပြေဖြစ်ပြန်ပြီလဲ "

အထိန်းတော်ကြီးမှ သူမထိုင်နေသည့်နေရာမှ မယ်တော်ကြီးရှိရာ ရှေ့သို့တိုးကပ်သွားကာ တစ်စုံတစ်ရာကိုတီးတိုးပြောလိုက်လေရာ မယ်တော်ကြီးမျက်နှာမှာ အပျက်ပျက်အယွင်းယွင်းဖြစ်လို့သွားလေသည်။

" အကြံပေး အမတ်ကြီးကိုဆင့်ခေါ်လိုက်ပါ "

အထိန်းတော်ကြီးကိုအမိန့်ပေးလိုက်သော မယ်တော်ကြီးမျက်နှာမှာ အုံ့နေသောမိုးကောင်းကင် သို့နှယ်မဲမှောင်နေလေသည်။ ရွှေခြည်ဖြင့်အနားကွပ်ထားသော တော်ဝင်ဝတ်စုံ၏ အကျီလက်စတွေကိုတင်းတင်းဆုပ်ကိုင်ထားသည်မှာလည်း မည်မျှဒေါသထွက်နေကြောင်း သိသာစေခြင်းတစ်ရပ်ပေ။ အရာအားလုံးကိုအကွက်ကျကျ ကြိုတင်စီစဉ်ထားခဲ့တာတောင်မှ အမေခင်းပေးသည့်လမ်းကိုမလိုက်ချင်တဲ့ သားတော် ယွန်ဂျုံးမင်းကြီးအတွက် မယ်တော်ကြီးမှာဒေါသထွက်မိလေသည်။ လွန်ခဲ့သောနှစ်နှစ်ဆယ်ခန့်ကအကြောင်းအရာများမှာ စိတ်ကူးပန်းချီကားများသဖွယ် မယ်တော်ကြီး အတွေးပုံရိပ်တွင် တရေးရေးပေါ်လာလျှက် ရှိနေသည်။

ယခင်မင်းကြီး၏ မိဖုရားများနှင့် နန်းဆက်ခံနိုင်သည့် မင်းသားများကိုသတ်ပစ်ချိန်တုန်းက မိဖုရားခေါင်ကြီးမှမွေးဖွားသော မင်းသမီး ချယ်ယောင်း (ချန်းယောလ် ၊ ဆယ်ဟွန်း အမေ) ကိုချန်ပစ်ခဲ့ကာနယ်စပ်သို့ ပို့လိုက်ကတည်းက မိမိထိုအကြောင်းကိုရိပ်မိနေသင့်ခဲ့သည်။ အမှန်ဆိုရလျှင် လက်ဆက်ခဲ့ရသော မိမိ၏ခင်ပွန်းဟောင်းမင်းကြီးမှာ မိဖုရားခေါင်ကိုအရေးပေးနေကတည်းက စခဲ့သောအမုန်းမီး ၊ လစ်ဟာနေခဲ့သော နှလုံးသားကွက်လပ်သည် နန်းတော်ထဲသို့ မိဖုရားအဖြစ် ဆက်သခြင်းမခံမီ ငယ်စဉ်ကတည်းက သံယောဇဉ်ရှိခဲ့သော ငယ်ချစ်ဦးနှင့် ပြန်လည်တွေ့ဆုံရချိန်တွင် ပြန်လည်အသက်ဝင်လာခဲ့လေသည်။ ချစ်ဦးသူနှင့်ခွဲရကာ မင်းကြီးဆီသို့ဆက်သခြင်းခံရသော ယွန်ဂျုံးမင်းကြီး၏မယ်တော်မှာ နန်းတွင်းသို့ရောက်စဉ်အချိန်အစပိုင်းခဏသာ မင်းကြီး၏ဂရုဏာကိုမြင်ခဲ့ရသည်။ ငယ်ချစ်ဦးနှင့်ပြန်လည်ဆုံတွေ့ချိန်တွင် မိမိချစ်သူမှာ မင်းကြီး၏အမတ်များထဲမှတစ်ယောက် ၊ အခြေအနေမှာ ရင်နာနာနှင့်သာ မြင်လျှက်နှင့် မကြင်ရသည့်ဘ၀များ........... ။ မင်းကြီး၏ အယုအယလိုရမည်အထင်နှင့် မျှော်လင့်ခဲ့ရသော နေ့ရက်များဆိတ်သုဉ်းလာသည့်အချိန်တွင် မိဖုရားငယ် ( ယွန်ဂျုံးမင်းကြီး၏မယ်တော်) ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်လေသည်။ နောက်ဆက်တွဲ အဖြစ်များမှာ

Empire's Soul MateWhere stories live. Discover now