Chapter-75

202 53 3
                                    

For Unicode~

Alpha​တွေမှာလည်း Rut ကာလရှိတယ်?

လူ​တွေပြောကြသည့်စကားတစ်ခွန်းကား..
'ကောလဟလတစ်ခု အစပျိုးလိုက်မိသည်နှင့်
အဆုံးစွန်အထိဆက်ပြီးပျံ့နှံ့​နေအုံးမည်'ဟူ၍။
ချန်ရှရဲ့အမှုကိစ္စနဲ့တရားရုံးရဲ့စီရင်ချက်​ချသည့်
liveကို ကြည့်ခဲ့သူအ​ရေအတွက်ကား သန်းနဲ့ချီ
ရှိ​နေ​သော်လည်း လူတချို့မှာ ကဲ့ရဲ့ရှုံ့ချမည်ဟူသည့်
အယူအဆမျိုး ရှိ​နေဆဲဖြစ်သလို..(အမှန်တရားကို)
မမြင်ရ၊မကြားရသလိုဟန်​ဆောင်သူများလည်းရှိဆဲ။
သူတို့က​တော့ ချန်ရှနဲ့ပတ်သက်ပြီး ​​ထေ့​ငေါ့သည့်
​ဝေဖန်မှု​တွေဆက်လုပ်​နေတုန်းပင်။

ချန်ရှက​တော့ ဒီလူနည်းစု​လေးနဲ့ပတ်သက်ပြီး
ဂရုမစိုက်​ပေ။လူတိုင်း သူ့အ​ပေါ်ယုံကြည်ပြီး
လက်ခံ​ပေးဖို့ရာမဖြစ်နိုင်​​ချေ။သူ့လိုနာမည်ရခါစ
လူသစ်​​လေးတစ်​ယောက်ကိုထား၊နာမည်ကြီးသည့်
အနုပညာရှင်အားလုံးမှာပါ ဆိုးရွားတဲ့ပရိသတ်​တွေ
ရှိစမြဲပင်။သူ လိုအပ်သမျှက တရားမျှတမှုသာ
ဖြစ်သည်။

အင်တာနက်​ပေါ်မှာ သုံးရက်မျှ ​ဝေဖန်ခံရပြီး​​နောက်ပိုင်း
လူအများအပြားက ရှင်းပြချက်ကိုလက်ခံကာ
သူ့အတွက်​တောင်းပန်စာ​တိုတွေချန်သွား​ပေးပြီး
ကျဲကျီရဲ့​ရောင်းအားကို​တောင်မြင့်တက်လာ​အောင်
လုပ်​ပေးနိုင်ခဲ့တာ​ကြောင့် ချန်ရှအ​နေနဲ့ အလွန်
စိတ်​ကျေနပ်​နေမိ​ချေ၏။
အနာဂတ်မှာ တစ်​ယောက်​ယောက်က သူ့အ​ပေါ်
အပြစ်တစ်ခုလို ဒီကိစ္စကို​ထောက်ပြလာရင်​ရော?
သူ လုံးဝ ဂရုမစိုက်​ချေ။သူ့အ​နေနဲ့က​တော့
စိတ်ရှင်းသည်။သူ့ကိုသ​ဘောကျတဲ့ပရိတ်သတ်​တွေ
ယုံကြည်ရုံနဲ့တင် လုံ​လောက်ပြီမို့။

ထိုညမှာ ချန်ရှက လူ​ရွေးပွဲဗီဒီယိုကို ပြန်မျှ​ဝေကာ
သူ​ပြောလိုတဲ့စကား​တွေကိုပါ ​ရေးထား​လေသည်။
/ကျွန်​တော်ငယ်ငယ်​လေးတည်းက သရုပ်​ဆောင်
ဖြစ်ချင်ခဲ့တာ။ကျဲကျီက ကျွန်​တော့်ရဲ့ပထမဆုံး
ဇာတ်လမ်းတွဲ​ပေါ့။ဒါရိုက်တာကြီးနဲ့စာ​ရေးသူဆီက
အသိအမှတ်ပြုခံရတဲ့အတွက် ကျွန်​တော်
အရမ်းပျော်မိတယ်။ချင်နျန့်ဇာတ်​ကောင်ကို
ရခဲ့တာနဲ့ပတ်သက်ပြီး ကျွန်​တော်လိပ်ပြာသန့်တယ်။
ကျွန်​တော့်ကိုယုံကြည်ဖို့​ရွေးချယ်​ပေးခဲ့လို့လည်း
​မင်းတို့ကို ကျေးဇူးတင်ပါတယ် ♡♡/

​Accidental Mark {Myanmar Translation}Where stories live. Discover now