Chapter-76

41 12 2
                                    

For Unicode~

ထိခိုက်လွယ်တဲ့ကာလကို ဘယ်လိုကုန်ဆုံးသလဲ

ချန်ရှ ​ရေချိုးပြီး​​​နောက် အိပ်ရာထဲမှာ လှဲ​နေ​ရင်း
သူ့ဖုန်းနဲ့ Weiboကြည့်​နေ​လေသည်။ရုတ်တရက်
ဖုန်းမြည်လာချိန် သူ မှတ်ချက်​တွေ​တောင်ဖတ်လို့
မပြီး​သေး​ပေ။​​ဒါက ​ဖေး​ရှောက်ယန်ဆီကလာတဲ့
voice callပင်။

ချန်ရှ မ​ရေမရာဖြင့် ဖုန်းကိုင်လိုက်၏။"​ရှောင်ယန်?"

​ဖေး​ရှောက်ယန်ရဲ့​လေသံက အလျင်လို​နေဟန်ရသည်။
"ကျွန်​တော့​ကောကို အခုချက်ချင်းလာကြည့်​ပေးအုံး!"

ချန်ရှ အထိတ်တလန့်ဖြင့် ထထိုင်လိုက်မိ၏။
"​ဖေး​​ကော ဘာဖြစ်လို့လဲ? ဒီ​နေ့ပါတီပွဲမှာ
​သောက်ပြီး အဆင်မ​ပြေဖြစ်​နေလို့လား?"

​ဖေး​ရှောက်ယန်ခမျာ ရယ်ရမလား ငိုရမလားမသိ​တော့။
"သူ သူ့ရဲ့ rutကာလ ​ရောက်​နေလို့ဗျ!"

ချန်ရှ : "........"

​ဖေး​ကောက သူ့ rutကာလ​ရောက်မဲ့အချိန်ကို
မသိဘူးလား?သူ ထိန်းချုပ်​ဆေးလည်း
ကြိုမ​ပြင်ထားဘူး​ပေါ့?ဒီAlphaက အလုပ်နဲ့
ပတ်သက်ရင် အရည်အချင်း​ကောင်း​ကောင်းရှိ​ပေမဲ့
သူ့ဘဝကို​ကျ ဂရုမစိုက်ဘူးပဲ..သူ့rutကာလကို​တောင်
သတိမရနိုင်ဘူး​​လေ။

သူ့အထက်တန်း​ကျောင်းက ဇီဝ​ဗေဒအတန်းသင်တဲ့
ဆရာ(မ)​တော့ အကြိမ်ကြိမ် စိတ်ဖိစီး​နေခဲ့ရှာမှာ။

Omegaရဲ့ နှစ်စဥ်heatကာလက ကြာရှည်ခံ
ထိန်းချုပ်​ဆေး​တွေသုံးပြီး ထိန်းထားဖို့လိုအပ်သလို
ထိုအရာက Alpha​ရဲ့ rutကာလ အတွက်လည်း
အတူတူပင်။အကယ်လို့ ထိန်းချုပ်​ဆေးကိုကြိုပြီး
မပြင်ဆင်ထားဘဲ Alphaတစ်​ဦးက လူကြားထဲမှာ
ရုတ်တရက် rutဝင်သွားခဲ့ရင် သူတို့က အသိစိတ်
မရှိ​တော့တဲ့ သားရိုင်း​ကောင်​တွေလိုဖြစ်သွားပြီး
အနားက​နေဖြတ်သွားသမျှ အမှတ်အသားမရှိတဲ့
Omegaအားလုံးကို တိုက်ခိုက်တတ်​ချေသည်။
အလွန်ကြောက်စရာ​ကောင်း၏။သူတို့အ​နေနဲ့
ရဲ​တွေဆီမှာ စိတ်ငြိမ်​ဆေးထိုးပြီး အဖမ်းခံရကာ
အသိပညာ​အတွက် ထိန်းသိမ်းခံရနိုင်​ပေသည်။

You've reached the end of published parts.

⏰ Last updated: 3 hours ago ⏰

Add this story to your Library to get notified about new parts!

​Accidental Mark {Myanmar Translation}Where stories live. Discover now