Part-1

11.5K 864 105
                                    

Unicode...

ချမ်း​စိမ့်စိမ့် ​ဆောင်းရာသီ၏နံနက်ခင်း​နေ​ရောင်သည်ကား ​​​ရောင်ခြည်တန်းတို့ဖြာကျလျက်ရှိသည့်အခန်းထဲ၌ စောင်ခြုံ​ကွေး​နေ​​သော လုံးလုံးတုတ်တုတ်​ကောင်ငယ်​လေးကို နှိုးနိုင်စွမ်းမရှိ​ချေ။ ​အေး​အေးစိမ့်စိမ့်နှင့် ​ကွေးလို့​ကောင်း၍ တမင်မထမှန်းသိသာပါသည်။

ဒေါက်...​ဒေါက်...

"သား​ရေ...ထ​တော့​လေ သား...ဒီ​နေ့​ကျောင်းသွားရမှာ​နော်"

သူ မထလျှင် ​သေချာ​ပေါက်လာနှိုးမည့်​မေ​မေရှိတာ​ကြောင့်လည်း လာမနှိုးမချင်း ကပ်သီးကပ်ဖဲ့လုပ်​နေခြင်းဖြစ်သည်။ အခု တံခါးလာ​ခေါက်ပြီဆို​တော့လည်း အပျင်းဆန့်ကာ ထထိုင်လိုက်သည်။

"နိုးပြီ ​မေကြီး​ရေ"

"​အေး​အေး...​မေ​မေမနက်စာပြင်ထားလိုက်မယ်...ဆင်းခဲ့​တော့​နော်"

"ဟုတ်ကဲ့"

​စောင်ကို​သေချာ​ခေါက်ကာ တဘက်တစ်ထည်ပုခုံး​ပေါ်တင်ပြီး ​ရေချိုးခန်းဘက်ထွက်လာခဲ့သည်။ သွားတိုက်မည်အလုပ် ​ရှေ့တည့်တည့် ကြည့်မှန်ကမိမိမျက်နှာကြီးကို မြင်ရ​တော့ အိပ်ချင်မူးတူးရုပ်​က ချက်ချင်းဆူပုတ်သွား​လေသည်။

"​စော​စောစီးစီး ကျက်သ​ရေမရှိလိုက်တာ... ဘာလို့ဒီမျက်နှာကြီးက ဒီ​လောက်​ဖောင်းအစ်​နေရတာလဲ... ကြည့်ပါဦး မျက်လုံး​တွေ​တောင် မမြင်ရ​တော့ဘူး"

သွားတိုက်​နေရင်း ​ခေါင်းကို ဟိုဘက်ဒီဘက်လှည့်ပြီး ကိုယ့်ကိုကိုယ်​ပြောဆို​နေ​တော့သည်။ ​မေးနှစ်ထပ်ဖြစ်​အောင်လည်း တမင်လုပ်ယူပြန်သည်။ ထို့​နောက် ​ရေမိုးချိုးပြီး ​ကျောင်းသွားရန် ဗီဒိုထဲမှ ခပ်ပွပွရှပ်အင်္ကျီတစ်ထည်နှင့် ပုဆိုးတစ်ကွင်းကိုထုတ်ပြီး ဝတ်လိုက်သည်။ ​ဘောင်းဘီဝတ်ချင်​ပေမဲ့ တစ်ထုတ်​နေမည့် မိမိအဖြစ်ကိုသိသည်​ကြောင့် မဝတ်ရဲ​ပေ။ မပါမဖြစ်၊ မပါလျှင် တစ်​နေကုန်ဒုက္ခပင်လယ်​ဝေနိုင်မည့်ပစ္စည်း​ကား မျက်မှန်ဝိုင်း​လေး။ မျက်မှန်ကို​သေချာတပ်လိုက်ပြီး ​​ကျောပိုးအိတ်ကို လက်တစ်ဖက်ကဆွဲလျက် နံနက်စာထမင်းဝိုင်းရှိရာ ​အောက်ထပ်သို့ဆင်းခဲ့​တော့သည်။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now