Part-9

4.5K 562 18
                                    

Unicode...

"မင်းဟာက လွန်လွန်းတယ်မထင်ဘူးလား"

"​ဟင့်အင်း"

ရန်ရန်ဆိုသည်မှာလည်း ဟိုချာတိတ်နဲ့​ပေါင်းလို့များလားမသိ...ရွဲ့တတ်လာပြီ။ ကူညီ​ပေးမဲ့လူကို ကူညီချင်စိတ်ရှိ​အောင် ပြန်​ပြောမယ်မရှိဘူး။ ​ခေါင်းတရမ်းရမ်းနဲ့ ဟင့်အင်းတဲ့။ ကိုယ့်ညီသာမဟုတ်ရင် ​နေရာမှာတင် ဆွဲထိုးပစ်လိုက်ပြီ။

"ငါမကူညီ​တော့ဘူးဆိုရင်​ရော"

"မရပါဘူး...ကူညီရမှာ...ကိုဉာဏ့်ကိုဂစ်တာတီးသင်​ပေးထားတယ်​လေ"

"​အေးမသင်​​တော့ဘူး...ကူလည်းမကူညီ​တော့ဘူး ဒါပဲ"

ထိုသို့အပြတ်​ပြောလိုက်မှ ယုံကြည်မှုတစ်ခွဲသားမျက်နှာ​ဖောင်း​ဖောင်းဟာ ပိန်လှီသွားသလို၊ နှုတ်ခမ်းကြီးဆူလာပြီး ငိုမဲ့မဲ့နှင့်။ အဲဒါနဲ့မပြီး​သေးဘဲ ကုတင်​​​အောက်ကိုဆင်းထိုင်လျက် မျက်မှန်ချွတ်ပြီး မျက်လုံးကို ခဏခဏပွတ်​​နေ​လေသည်။ ကုတင်​ဘေးတွင် ​ဂွမ်းစောင်ထူကြီး ပုံကျထားသကဲ့သို့ လုံးလုံးထုပ်ထုပ်နှင့် ဝမ်းနည်း​နေပါ​​သော ရန်ရန်။

ဆက်ဉာဏ် ကုတင်​ပေါ်က​နေ မကြည့်ရက်​တော့စွာ သက်ပြင်းချပြီး ဂစ်တာကို​ကောက်ကိုင်လိုက်သည်။ မ​နေ့ကသင်ထား​သော C chordကိုအစီအစဉ်တကျဖိလိုက်ပြီး တစ်ချက်တီးလိုက်သည်။

"ကဲ ကဲ..ငိုမ​နေနဲ့​တော့..မနက်ဖြန်​ကျောင်းကိုလိုက်ခဲ့မယ်"

ထိုစကားသံအဆုံး ​ငေါက်ခနဲ​မော့ကြည့်လာပါ​သော မျက်နှာ​ဖောင်း​လေး။ မျက်ရည်လည်းမထွက်ပါဘဲ ပွတ်ထားတာ မျက်လုံးကိုနီလို့။ ဆက်ဉာဏ် အမြင်ကပ်စွာ သူ့ကိုဆက်မကြည့်​တော့ဘဲ C chordကိုသာ တရစပ်တီး​နေလိုက်သည်။

"ဟီးဟီး​ကျေးဇူး ကိုဉာဏ်"

"ဟမ့်..​.​အော်စကာရ​လောက်ပါတယ်"

"ဟီးဟီး...ဒါနဲ့​လေ ကိုဉာဏ် လက်ကွက်မှား​နေတယ်​"

ယုံကြည်မှုအပြည့်နှင့် တီးလိုက်​​သော်လည်း အခုလိုအ​ပြောခံရ​တော့ ​နည်းနည်း​အောင့်သက်သက်ဖြစ်သွားရသည်။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Donde viven las historias. Descúbrelo ahora