Unicode...
နေ့လည်ခင်း Burgerတစ်ခုစီနှင့် ဗိုက်ဖြည့်လိုက်ကြသည်။ ထက်ရန်ကတော့ ပေါင်မုန့်အလွတ်ကိုသာစားပြီးရေသောက်သည်။
"Burgerမကြိုက်လို့လား...ဘာစားချင်လဲ ကိုသွားဝယ်ပေးမယ်လေ"
"အာ အဲလိုမဟုတ်ပါဘူး...စားချင်စိတ်မရှိလို့ပါ"
"ဗိုက်ကောဝရဲ့လား"
"ဟုတ် ဝပါတယ်"
ထွန်းသစ်စကမယုံကြည်နိုင်စွာ ထပ်တလဲလဲမေးသည်။ တစ်ခုခုကြောင့်များ စားချင်စိတ်မရှိတာလားဆိုပြီးလည်း စိုးရိမ်နေ၏။ ဘေးနားက ဆက်ဉာဏ်က သူတို့နှစ်ယောက်ကိုရိပ်မိပြီး ဝင်ပါပြန်သည်။
"စားချင်စိတ်မရှိတာမဟုတ်ဘူး...စားချင်စိတ်မရှိအောင်တမင်လုပ်နေတာလေ"
ထို့နောက် သူ့ဘာဂါကိုတစ်ကိုက်ကိုက်ပြီး ဆက်ပြောသည်။
"ရန်ရန်က ဝိတ်ချနေတာ"
"ကိုဉာဏ်!!"
ကိုဉာဏ့်ကိုလှမ်းအော်ပြီး ဟန့်ပေမဲ့ ဒင်းကဂရုစိုက်သည့်ပုံမပေါ်။
"မနက်တိုင်း လေ့ကျင့်ခန်းတွေလည်းလုပ်တယ်လေ...မင်းပြောပြမထားဘူးလား"
ထက်ရန်ကို မေးငေါ့ကာလှမ်းမေးသေးသည်။ ကိုယ့်ဘာသာစားစရာရှိတာမစားဘဲ ပလုတ်ပလောင်းနှင့် အကြောင်းစုံပြောပြနေပါသော ကိုဉာဏ်က တခြားနေရာမှာဆို လေးစားဖို့ကောင်းချင်ကောင်းလိမ့်ဦးမည်။ အခုတော့... မေတ္တာပို့ရုံသာ။
"ချာတိတ်စားဦးမှာလား သွားဝယ်ပေးမယ်"
"အွန်း အွန်း စားမှာ...ကိုလာလေးရော"
"ညီမလေးရော"
"တော်ပြီ ကိုကြီး"
ပြောချင်တာပြောပြီး ဒီဘက်ကိုအာရုံမရှိတော့။ ခန့်ပိုင်နှင့်ညီမလေးကို တစ်လှည့်စီမေးပြီး ဘာဂါသွားဝယ်ဖို့ပြင်နေသည်။ ထက်ရန်မှာတော့ အစ်ကို့ရဲ့ အဓိပ္ပါယ်ဖော်မရသောအကြည့်များကို ရင်ဆိုင်ဖို့ ခက်ခဲနေလေသည်။
"တကယ် ဝိတ်ချမလို့လား"
ထင်ပါတယ်။ ဒီကိစ္စကို အစပျိုးတော့မယ်ဆိုတာ။ အစ်ကို့ကိုမသိစေချင်လို့ တိတ်တိတ်လေးကြိတ်လုပ်နေတာပါဆို ကျေးဇူးရှင်အစ်ကိုတော်ကတော့...
YOU ARE READING