Part-12

4.4K 559 32
                                    

Unicode...

မေမေနဲ့ဖေဖေတို့ ခန့်ပိုင်မေမေကိုလူနာမေးနေချိန် ထက်ရန်နဲ့ကိုဉာဏ် ခန့်ပိုင်နားမှာနေပေးကြသည်။ နေ့လည်ကကိစ္စအတွက် သူ့နားမရှိပေးနိုင်တာကို တောင်းပန်တော့...

"ရပါတယ် ရပါတယ်...မင်းအစား မင်းအစ်ကိုရှိတာပဲ"

ဒါဘယ်လိုဆိုလိုရင်းကြီးလဲ။ ခန့်ပိုင်မစဉ်းစားချင်တော့။ အမှန်တကယ်လည်း ကိုသရက်သီးက သူ့အတွက် အတော်ပင်အကူအညီရခဲ့ပါသည်။

ကိုဉာဏ့်ဘက်လှည့်ကြည့်တော့ ခန့်ပိုင်စကားကိုထောက်ခံသည့်သဘော တိတ်ဆိတ်နေသည်။ သူတို့နှစ်ယောက်က ကြောင်နဲ့ကြွက်လိုပဲ။ ပုံမှန်ဆိုရင် ကိုက်လိုက်သတ်လိုက်။ အရေးကြုံပြီဆို သူ့အလိုလိုပူးပေါင်းသွားလိုက်နှင့်။ ဒီကိစ္စကိုထုတ်ပြောမိလျှင်လည်း ငါကကြောင် သူကကြွက်နှင့် Characterလုကြပြန်ဦးမည်။

"အော် ဒါနဲ့ ကိုZettyကိုတောင်းပန်လိုက်ဦးနော်"

"အင်းပါ...ညကျတောင်းပန်လိုက်မယ်"

ထက်ရန်အနေနဲ့မဟုတ်ဘဲ ခန့်ပိုင်ရဲ့အတန်းဖော်အနေနဲ့ အစ်ကို့ကိုတွေ့ဖြစ်တဲ့အကြောင်းတော့ အခွင့်မသာ၍မပြောဖြစ်။ ဒီလိုအချိန် ခန့်ပိုင်ကို သူ့အမေကိုပဲဂရုစိုက်စေချင်သည်။ သို့သော် ကိုယ့်ကိုကိုယ်ကောင်းကောင်းလို့မိတ်ဆက်ထားသည့်ကိစ္စကိုတော့ ဇာတ်သွားညီအောင် အသိပေးထားရပေမည်။

"ဟီးဟီး...ငါမင်းကိုတစ်ခုအသိပေးရဦးမယ် ခန့်ပိုင်...မင်းသူငယ်ချင်း ထက်ရန်အစစ်ရဲ့နာမည်ကို ကောင်းကောင်းလို့မှတ်ထားပေး"

ခန့်ပိုင်ကြောင်တောင်တောင်လေးဖြစ်သွားည်။ ခန့်ပိုင်ဘေးကကိုဉာဏ်လည်း နားမလည်သည့်သဘော ခေါင်းစောင်း၍ကြည့်သည်။

"ခုလောလောဆည် အဲလိုပဲမှတ်ထားစမ်းပါကွာ...မင်းအမေကိုသာ သေချာဂရုစိုက်ပြုစုဦး...ငါ့ကိစ္စတွေခဏမေ့ထား ဟုတ်ပြီလား"

"အင်းဒါတော့ ရန်ရန့်ကိုထောက်ခံတယ်"

ကိုဉာဏ်ပါဝင်ပြောသဖြင့် ခန့်ပိုင်ဘာမှအတွန့်မတက်တော့။ ခေါင်းညိတ်ကာဖြင့် အခန်းထဲကိုသာ ပြန်ဝင်ခဲ့ကြသည်။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now