Unicode...
သူ့ဘေးမှာနေရတာနဲ့တင် လူကကျောက်ရုပ်ဖြစ်နေပါပြီဆို ကျွန်တော့်ကိုကြည့်ပြီးရယ်လိုက်၊ ပုခုံးလာပုတ်လိုက်နဲ့ ကျွန်တော့်ကိုစရတာ တော်တော်သဘောတွေ့နေပုံပဲ။ အစ်ကိုစိတ်ချမ်းသာမယ်ဆို လုပ်ပါ။ ကျွန်တော်အပြစ်မမြင်ပေမဲ့လို့ နေရထိုင်ရတော့ တကယ်ခက်တယ်။
ဆက်ဉာဏ်နဲ့ခန့်ပိုင်တို့ ဗန်းကိုယ်စီနှင့်ပြန်လာတော့မှထက်ရန်စိတ်ထဲအနည်းငယ်သက်သာသွားသည်။ ခါတိုင်းဆို ကြက်ကြော်ခြင်းမြင်ရင် အရင်ဆုံးယူလိုက်ရမှကျေနပ်တဲ့ထက်ရန်တစ်ယောက် အခုများတော့ ရှေ့ကကြက်ကြော်ခြင်းကြီးကို လျစ်လျူရှုနေရသည်။
ခန့်ပိုင်နဲ့ကိုဉာဏ်တို့ကတော့ ရောက်တာနဲ့ အစ်ကို့ကိုပင်အားမနာ တန်းစားသည်။
"ယူစားလေ"
ဘေးကအစ်ကိုက ကိုလာတစ်ငုံသောက်ပြီး သူ့ဘက်ကိုလှည့်ကာဆိုသည်။ ထိုအခါမှ ထက်ရန် ခေါင်းညိတ်ပြလိုက်ပြီး အသာလေး ယူစားရသည်။ ဒီပုံစံမျိုးနဲ့မို့ အစ်ကိုနဲ့ပက်ပင်းမတိုးချင်တာပါဆို...
စားပြီးသောက်ပြီးတော့ အစ်ကိုကအရင်ပြန်နှင့်၏။ အစ်ကိုနဲ့အတူရှိချင်သေးပေမဲ့ ဒါကိုပဲ ကျေးဇူးတင်ရမလို။ မဟုတ်ရင် ထက်ရန်တစ်ယောက် ရှော့ပင်းမောထဲ ချွေးစေးတွေပြန်နေတော့မှာ။
အစ်ကိုထွက်သွားပြီးမှ စားပွဲပေါ်မေးထောက်လျက် မအီမသာအသံလေးထွက်လာနိုင်တော့၏။
"ကိုဉာဏ် ဝယ်စရာရှိတယ်ဆို"
ထိုအခါ ခန့်ပိုင်နဲ့ပွဲကျနေသောကိုဉာဏ်က သူ့ဘက်လှည့်လာသည်။ ထက်ရန်ရဲ့ နွမ်းကျနေမှုကို သနားဂရုဏာထားရမဲ့အစား အံကြိတ်ရယ်လေ၏။
"ရန်ရန် ညီလေး အဆင်ပြေရဲ့လား"
"အွန်း ပြေပါတယ်"
"အိမ်ပြန်မယ်လေ"
"ဟမ်...ပြောတော့ ဝယ်စရာရှိတယ်ဆို"
"အခုမရှိတော့ဘူး ပြန်မယ်"
"ခွီး"
နှစ်ယောက်သားစကားပြောနေခိုက် ဘေးကနေ ဘယ်အချိန်ကတည်းကထိန်းထားမှန်းမသိသည့် ခန့်ပိုင်တစ်ယောက် အသံထွက်လာလေသည်။
YOU ARE READING