Pre-Ending

4K 378 30
                                    

Unicode...

အတန်းမရှိ​သောအချိန်များတွင် ခန့်ပိုင် Dance Club၌ ​လေ့ကျင့်ဖြစ်သည်။ တစ်ခါတရံ Trainerအစ်ကိုနှင့်ကြုံပါက ထိုအစ်ကိုက train​ပေး​လေ့ရှိသည်။

"မဟုတ်​သေးဘူး ပိုင်ပိုင်...ဒီလိုမျိုး...​ဒီလိုမျိုး...လက်က တအား​အောက်မကျ​စေနဲ့ Ok"

​လေ့ကျင့်​သော​နေရာ၏ အခန်း​ထောင့်တွင် မှုန်ကုပ်ကုပ်နှင့်ထိုင်​​နေ​​သော ဟိဏ်းဆက်ဉာဏ်မှာ နှာတိုမျက်​မှေးကို ဟိုကိုင်ဒီကိုင်လုပ်​နေ​ခြင်းအား သ​ဘောမကျ​ချေ။ ထိုအစ်ကိုနှင့်ချာတိတ်က ဘယ်​လောက်ရင်းနှီးတာမို့ ပိုင်ပိုင်လို့​ခေါ်ရတာလဲ။ ဒါကိုလည်း ဘဝင်မကျလှ​ပေ။

သို့​​သော် အကကျင့်​နေသူက​တော့ ဆက်ဉာဏ်ကိုအာရုံထဲပင်ရှိတယ်မထင်။ ကမြဲက​နေ၏။ ဆက်ဉာဏ် မျက်နှာကိုဆူပုတ်ကာ နံရံဘက်ကိုလှည့်ထိုင်လိုက်သည်။ အဲ​​လောက်​တောင် ကချင်တဲ့အ​ကောင် ကစမ်းပါ​လေ။

တစ်နာရီပြည့်ပြီး​သော် Trainerအစ်ကိုလည်း အတန်းရှိ​သေးသည်ဆို၍ နားလိုက်ကြသည်။ ခန့်ပိုင် သူ့အင်္ကျီများနှင့်​ရေဘူးကို ကိုသရက်သီးအား ​ပေးထား​​​သော်လည်း အခုကြည့်လိုက်​တော့ သူ့ပစ္စည်းများနှင့် ​ကျေးဇူးရှင်က ယူဇနာတစ်ရာ​ဝေးကွာ​နေ​လေသည်။

ခန့်ပိုင် စိတ်ဆိုးသွားပြီး ​ရေ​သောက်အ​​​မော​ဖြေပြီး​နောက် နံရံဘက်လှည့်ကာ ဂိမ်း​ဆော့​နေ​သောကိုသရက်သီးဆီ ချဉ်းကပ်လိုက်၏။

"အဟမ်း...ကိုယ့်ရည်းစားရဲ့ပစ္စည်း​တွေကို အဲသလိုပစ်ထားရလား...တာဝန်ယူချင်တဲ့စိတ် တစ်စက်က​လေးမှမရှိတာပဲ"

ဆက်ဉာဏ် သူ့​ပြော​နေသည်ကို သ​ဘော​ပေါက်တာ​ကြောင့် ဖုန်းကိုပိတ်လိုက်ကာ လက်ပိုက်မတ်တပ်ရပ်​နေ​သော နှာတိုမျက်​မှေးကိုမျက်​စောင်းထိုးလိုက်သည်။

"ဘယ်တုန်းက မင်းကငါ့ရည်းစားဖြစ်သွားရတာလဲ"

ခန့်ပိုင် စိတ်တိုရပြန်သည်။ အခုထိမတိုးတက်​သေး​သောအ​ခြေအ​နေကြီးကိုလည်း စိတ်ကုန်လှပြီ။ အဖြစ်မရှိ​သောကိုသရက်သီးကိုလည်း အူယား​နေပြီဖြစ်၏။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Hikayelerin yaşadığı yer. Şimdi keşfedin