Unicode...
Note : မင်းတပ်အတွက် ဆုတောင်းပေးကြပါ။ ကျွန်တော်တို့သာမန်ပြည်သူတွေ မမျှော်လင့်၊ မကြုံတွေ့ဖူးတဲ့ ဒုက္ခမျိုးကို လက်တွေ့ခံစားနေရတဲ့ မင်းတပ်၊ ရွှေဘိုနဲ့ အခြားစစ်ဘေးသင့်ပြည်သူတွေအတွက် တတ်နိုင်သလောက်လေး လှူဒါန်းပေးကြပါ🙏🏻
...........................
"အဖေ ကျွန်တော်ပြောစရာရှိတယ်"
နှစ်ဆန်းတစ်ရက်နေ့ တရားစခန်းကပြန်ရောက်နေပြီဖြစ်သော အဖေ့ကို စကားစကြည့်သည်။ မနက်ကတည်းက ပြန်ရောက်နေပေမဲ့ အဖေအနားယူရအောင်ဆိုပြီး နေ့လည်ထမင်းစားပြီးတော့မှ ပြောဖြစ်သည်။
"လာလေ သား...ဘာပြောမလို့လဲ"
အဖေနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီး အဖေမကြားအောင် သက်ပြင်းမျှင်းမျှင်းချလိုက်သည်။
"ဟိုတစ်ခါအဖေ့ကိုပြောဖူးတဲ့ သားမှာချစ်သူရှိတယ်ဆိုတာ"
အဖေက ဂရုတစိုက်နားထောင်နေသည်။
"အဲဒါ သားမပြောဖြစ်လိုက်တဲ့ သားချစ်သူအကြောင်း အဖေ့ကိုပြောပြချင်တာပါ"
"ပြောလေ...သားချစ်သူကို အဖေနဲ့မိတ်ဆက်ပေးမလို့လား"
အဖေက ရွှတ်နောက်နောက်ပြောလိုက်ပေမဲ့ ထွန်းသစ်စကတော့ စိတ်တွေလှုပ်ရှားနေသည်။
"ဟုတ် အဖေတွေ့ချင်တယ်ဆို သားသူ့ကိုပြောလိုက်ပါ့မယ်"
"နေပါစေကွာ...အဖေကစတာပါ...သားချစ်သူ သဘောမပါရင် မိတ်ဆက်မပေးလည်းရပါတယ်"
"ဟုတ်..."
ထွန်းသစ်စ ရှေ့မဆက်နိုင်သေး။ ဘယ်ကစပြောရမလဲလို့ စကားရှာနေတာလည်းဖြစ်မည်။
"ပြောစရာရှိတာ ဒါပဲလား သား"
"သားချစ်သူက ယောကျ်ားလေးတစ်ယောက်ပါ အဖေ...အဲဒါ အဖေလက်ခံပေးနိုင်မလား သားသိချင်ပါတယ်"
ဦးထိန်ဝင်း ခဏတာတိတ်ဆိတ်သွား၏။ မျက်နှာချင်းဆိုင်က ထွန်းသစ်စကို စိုက်ကြည့်ပြီး ခေါင်းတညိတ်ညိတ်။
YOU ARE READING