Part-3

5.6K 688 45
                                    

Unicode...

ည​ရောက်​လေတိုင်း ထက်ရန်အတွက် ခါတိုင်းလို စာလုပ်လိုက်၊ ဂစ်တာတီးလိုက်ထက် အလုပ်တစ်ခုတိုးလာခဲ့သည်။ အဲဒါက​တော့ အစ်ကိုထွန်းသစ်စရဲ့ Profileထဲကို ဝင်​မွှေခြင်းဖြစ်သည်။

​ဖိုတိုမော်ဒယ်တစ်​ယောက်လို စမတ်ကျကျရိုက်ထား​သော ဓါတ်ပုံများကို​တွေ့လိုက်ရလျှင်ကို ထက်ရန်မှာ ကလိကလိဖြစ်​နေ​လေသည်။ ​နေ့လည်ကတင်ထား​သော post​ကလည်း Like ​သောင်း​ကျော်၊ Comment ​ရာ​ကျော်ရှိ​နေ​လေသည်။ အစ်ကိုက ​နေ့လည်ကCaptionကို Editထားသည်။ 'because of him' ဆိုသည့်​နေရာတွင် 'because of someone' ဟု​ပြောင်းလိုက်ခြင်းဖြစ်သည်။

ထက်ရန်ရင်ဘတ်ထဲတွင်​တော့ himဖြစ်ဖြစ် someoneဖြစ်ဖြစ် သူ့ကိုရည်ညွှန်းသည်ဆိုတာနဲ့ကို ခုလုခုလု၊ မျက်နှာဟာလည်း ပြုံးဖြီးဖြီးနှင့်ပင်။ ​ပေးဖို့​မေ့​နေ​သော Love react​လေးကိုလည်း မရဲတရဲ​ပေးလိုက်​သေးသည်။

Love react​ပေးတာ ငါတစ်​ယောက်တည်းမှမဟုတ်တာပဲ...

ထို့ပြင် ထက်ရန် ရာ​ကျော်ရှိ​နေ​သောCommentများကို ဝင်ဖတ်ကြည့်သေးသည်။

​ကျောင်းကလူတချို့ကလည်း Welcome​ရောက်ချင်​နေပြီ၊ အဲဒီသီချင်း​လေးဆိုမှာကို အား​ပေးဖို့မ​စောင့်နိုင်​တော့ဘူး စသဖြင့်...
​ကျောင်းကမဟုတ်​သော အစ်ကို့ရဲ့fanတစ်ချို့ကလည်း ဂစ်တာတီး​နေသည့်ပုံ​လေးကို ပြစ်မျိုးမှဲ့မထင် မှတ်ချက်​ပေးကြသည်။ တစ်စုံတစ်​ယောက်ကမှ 'someone'ဆို​သော သူ့ကိုဂရုမစိုက်မိပါ။

​ထက်ရန်က​တော့ ဒါကိုအ​ရေးတယူမလုပ်။ ဝမ်းနည်းစရာလို့လည်းမသတ်မှတ်။ ​နေ့လည်ကsaveဖို့​မေ့​နေ​သော ထိုပုံ​လေးကိုသာ saveထားလိုက်သည်။ ထိုပုံ​လေးအပြင် အစ်ကို့wallထဲက သ​ဘောကျ​သောပုံများစွာကိုလည်း ခိုးsaveမိသည်။ ထို့​နောက် Galleryတွင် 'Chord - A Shadowy Love' ဟူ​သော Album name​ပေးပြီး အစ်ကို့ပုံ​တွေချည်းစုထားလိုက်သည်။ မ​မေ့မ​လျော့ ထိုalbum အား Hideထားလိုက်ပါ​သေးသည်။

Welcomeနီးပြီဖြစ်သဖြင့် ​ကျောင်း၌စာလည်း သိပ်မသင်ကြပါ။ ပထမနှစ်မို့လည်းပါမည်။ ထို့​ကြောင့် ဒီလိုညမျိုးတွင် စာလုပ်ခြင်းအလုပ်ကို ​ခေါက်ထားလိုက်ပြီး ဂစ်တာကိုမျက်​စောင်းထိုးလိုက်သည်။ သို့​သော် ​ကောက်ကိုင်မိသည်က ​ဘောပင်နှင့် စာအုပ်တစ်အုပ်။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now