Part-35

3.6K 370 34
                                    

Unicode...

အစ်ကိုအလုပ်နား​သော အားလပ်ရက်တစ်ရက် အစ်ကို့သူငယ်ချင်း​တွေနှင့် မိတ်ဆက်​ပေးဖို့ဆိုပြီး ​စီစဉ်ထားသည်။ ထက်ရန်အ​နေနှင့် အစ်ကိုနဲ့ပတ်သက်ပြီး အရင်က​လောက် ရှက်​ကြောက်​နေတာမျိုး၊ တွန့်ဆုတ်​နေတာမျိုးမရှိ​တော့တာမို့ လွယ်လွယ်ကူကူပဲ လက်ခံလိုက်သည်။

ဒါ့အပြင် အစ်ကို့သူငယ်ချင်း​တွေနဲ့​တွေ့ပြီး ဖေ​ဖေ ​မေ​မေတို့ကိုပါ အစ်ကိုနဲ့ပတ်သက်မှုအစစ်အမှန်ကို ဖွင့်​ပြောဖို့လည်းပြင်ဆင်ထားသည်။ ထက်ရန်ကိုနားလည်​ပေးတတ်​သော​မေ​မေက လက်ခံနိုင်​ပေမဲ့ ​ဖေ​ဖေက​တော့ အနည်းငယ်​ပြောရခက်​လောက်သည်။ ဆူချင်လည်းဆူမည်။ စိတ်ဆိုးပြီး မ​ခေါ်မ​ပြော​နေ​​ကောင်းလည်း ​​နေလိမ့်မည်။ ​ဖေ​ဖေဘယ်လိုပဲတုံ့ပြန်ပါ​စေ။ အ​ကောင်းဘက်ကပဲ​တွေးပြီး နှစ်ဦးနှစ်ဖက် နားလည်မှုရ​အောင် အချိန်ယူပြီး​ဆွေး​နွေးဖို့ အစ်ကိုနှင့်တိုင်ပင်ပြီးသားဖြစ်သည်။

အစ်ကိုက သူ့သူငယ်ချင်းများနှင့် မနက်၅နာရီ မန္တ​လေး​တောင်တက်ကြမည်ဟု ချိန်ထားသည်။ ​မေ​မေ့ကိုခွင့်​တောင်း​တော့ ကိုဉာဏ်ပါရင် သွားဆိုတာနှင့် ကိုဉာဏ့်ကိုဓါးစာခံလုပ်ရပြန်၏။ ကိုဉာဏ်ပါမယ်ဆိုမှ​တော့ ခန့်ပိုင်လည်း မပါမဖြစ်။

တနင်္ဂ​နွေ​နေ့မနက် ၄နာရီခွဲတွင် အိမ်က​နေထွက်ခဲ့ကြသည်။ ခန့်ပိုင်က သူ့အိမ်က​နေသူ့ဘာသာထွက်ခဲ့ပြီး မန္တ​လေး​တောင်​ခြေ​ရောက်မှဆုံကြမည်ဖြစ်သည်။ ထက်ရန် အိပ်ချင်မူးတူးဖြစ်​နေတာ​ကြောင့် ကိုဉာဏ့်ကိုပဲ​မောင်းခိုင်းရသည်။ ကျုံးဘက်ကို​ကွေ့​ကွေ့ချင်း မနက်ခင်း​​​နေ​ရောင်နှင့် လတ်ဆက်​သော​လေ​အေးတို့ကို စတင်ခံစားရ၏။ ​နွေရာသီမို့ မနက်၅နာရီသည် ​နေထွက်စအချိန် အလင်း​ရောင်အ​တော်အတန်ရှိ​နေပြီဖြစ်၏။

ဆိုင်ကယ်​မောင်း​နေသူ ဆက်ဉာဏ်က​တော့ တိုး​ဝှေ့တိုက်ခတ်လာ​သော ​လေပြည်တို့ကိုခံစားရင်း ဖြည်းဖြည်းမှန်မှန်သာ ​မောင်း​နေသည်။ အ​နောက်တွင် ငိုက်မြည်း​နေ​သောထက်ရန်တစ်​ယောက် ထိုအရသာများကို မြည်းစမ်းဖို့ထက် အိပ်ငိုက်ခြင်းရဲ့အရသာကိုသာ မြိန်ယှက်စွာခံစားဖို့ အားထက်သန်​နေ၏။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Donde viven las historias. Descúbrelo ahora