Part-28

3.8K 451 21
                                    

Unicode...

အ​ဖေ့ဆီကခွင့်ပြုချက်နဲ့ ကိုယ်တိုင်ကား​မောင်းပြီး ​မေမြို့ကိုတက်ဖြစ်သည်။ စိတ်ကူးထဲမှာ​တော့ ​ကောက်ညှင်းထုပ်​လေးလက်ကိုကိုင်ကာ သီချင်းသံတိုးတိုးဖွင့်ပြီး ကား​မောင်း​နေခြင်းဖြစ်သည်။ လက်​တွေ့တွင်​တော့ အ​နောက်က ​ကျေးဇူးရှင်နှစ်​ယောက်က ​တော်ရုံနှင့်အငြိမ်မ​နေ။ သူဖွင့်သမျှသီချင်းကိုလည်း အာပြဲကြီးနှင့်လိုက်ဆိုကြ​သေးသည်။

နှစ်​ယောက်သားလက်ရိုက်​ကြေး​ဆော့လိုက်၊ မုန့်စားလိုက်နှင့် နာရီပိုင်းသာကြာ​သောခရီးစဉ်တွင် မရိုးရ​အောင်လုပ်ပြ​နေကြ၏။ ​ကောက်ညှင်းထုပ်​လေးက​တော့ အ​နောက်ကနှစ်​​ယောက်ကို ​နောက်ကြည့်မှန်က​နေ​ကြည့်ပြီး မျက်​စောင်းထိုးတာအခါခါ။

မနက်​စော​စောထွက်လာပြီး မနက်ခင်း၉နာရီ​လောက်တွင် မြို့အဝင်ကို​ရောက်သည်။ သင်္ကြန်ရက်ဖြစ်သဖြင့် သူသူငါငါ ​လည်ကြ၊ ​ရေပက်ကြသူများနှင့် စည်ကား​နေသည်။ အ​ဖေ့ခြံက မြို့စွန်နားမှာပဲမို့ အကြာကြီးထပ်မ​မောင်းလိုက်ရ။ ​​ရောက်​ရောက်ချင်း အထုပ်​​တွေချ၊ အခန်းခွဲပြီး အနားယူကြသည်။

ဖုန်အလိမ်းလိမ်းတင်​နေ​သောနှစ်ထပ်အိမ်ကြီးထဲ မထိုင်ချင်ကြတာမို့ ခြံအပြင်ဘက်တွင် ​လေး​​ယောက်သား မြက်ခင်း​ပေါ်သာ ထိုင်ဖြစ်ကြ၏။

"အိမ်သန့်ရှင်း​​​ရေးလုပ်ရဦးမှာပဲ"

မြက်ခင်း​ပေါ်အပုံလိုက်ထိုင်ချ​သော ​ကောက်ညှင်းထုပ်​လေးက ညစ်ကျံ​နေ​သောအိမ်ကိုကြည့်ပြီး ညည်းညူရှာသည်။ ထွန်းသစ်စ နှာ​ခေါင်းလုံး​လေးကိုဆွဲလိုက်ပြီး...

"မလုပ်ရပါဘူးဗျာ...က​လေး​လေးက ထိုင်​နေပါ...ခန့်ပိုင်တို့နဲ့ ဟိုနားဒီနားသွားချင်လည်းသွား...ကိုလုပ်ထားလိုက်မယ်"

"အာ မဟုတ်တာ အစ်ကိုကလည်း ကျွန်​တော်တို့လည်း​နေမှာကို ကျွန်​တော်တို့ပါလုပ်ရမှာ​ပေါ့...အိမ်အကြီးကြီးကို တစ်​ယောက်တည်းလုပ်မှာ ခင်ဗျားရူး​နေလား"

​ဒေါသမထွက်ပါဘဲ စိတ်ဆိုးချင်​ယောင်​ဆောင်ကာ ဆူသလိုလို​ငေါက်သလိုလိုနှင့်​ပြော​လေ၏။ ချစ်လွန်းလို့ကိုက်စားပစ်လိုက်ချင်တာ။ ဘယ်လိုလုပ်ရမှန်းမသိ။ နှစ်​ယောက်တည်းရှိတဲ့အချိန်ကျမှ မလုပ်ဖြစ်​သေးသည့်အရာများကို အ​ကောင်အထည်​ဖော်ရမည်။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now