Unicode...
အစက မရည်ရွယ်ခဲ့ပါဘူး။ ချစ်သူများနေ့မှာ ကောက်ညှင်းထုပ်လေးကို ဖွင့်ပြောဖို့ကို။ ဒါပေမဲ့ ကောင်လေးက ထက်ရန်အနေနဲ့ရော ကောင်းကောင်းအနေနဲ့ပါ တစ်လှည့်စီဟန်ဆောင်နေတော့ သူလည်းပင်ပန်းနေရောပေါ့။ ကိုယ်ကလည်း သိသိကြီးနဲ့ ဆက်ပြီးမလှည့်စားချင်တော့တာလည်းပါတယ်။
အစက သူကြောက်နေပုံလေး၊ ရှက်နေပုံလေးကချစ်စရာကောင်းလွန်းလို့ သိနေတာကို ထုတ်မပြောခဲ့တာ။ နောက်တော့ သူ့ဘက်ကနေစဉ်းစားကြည့်တော့ ကျွန်တော်နဲ့စကားပြောတိုင်း အပြင်မှာတွေ့တိုင်း အဲလိုပုံစံဖြစ်နေရတာ သူလည်းပင်ပန်းမှာပဲလေ။ အိပ်မပျော်တဲ့ညတိုင်းလိုလို အတွေးပေါင်းသောင်းခြောက်ထောင်တွေးဖြစ်တိုင်း အတွေးတချို့က သူ့ရဲ့ကောက်ညှင်းထုပ်ပုံစံလေးနဲ့ သူ့ရဲ့မသိမသာဂရုစိုက်မှုတွေဆီ အော်တိုရောက်နေတော့မှ ကိုယ့်ကိုကိုယ်ပြန်စမ်းစစ်ကြည့်မိတယ်။
ကျွန်တော်တကယ်ပဲ ကောက်ညှင်းထုပ်လေးကို ချစ်မိနေတာပါလားပေါ့။ ပြီးတော့ သူနဲ့ကျွန်တော်က ဝါသနာတူကြတယ်။ သီချင်းတွေဖန်တီးရာမှာ ထပ်တူကျတဲ့နည်းလမ်းတွေ ခံစားချက်တွေရှိတယ်လို့လည်း ယုံကြည်တယ်။
အဲဒီနေ့...သူ့ကို အပြင်မှာတတိယအကြိမ်တွေ့တဲ့နေ့... သူ့ကိုကောက်ညှင်းထုပ်တွေ သွားပို့ခဲ့တဲ့နေ့... မပြန်ခင်မှာ ခန့်ပိုင်က သူ့ဆီဖုန်းဆက်တော့ ကြားလိုက်ရတဲ့နာမည်... ပတ်ဝန်းကျင်ကတိတ်ဆိတ်လွန်းတာမို့ ပြတ်ပြတ်သားသားကိုကြားလိုက်ရတာ။ ခန့်ပိုင်က သူ့ကိုထက်ရန်ဆိုပြီးခေါ်လိုက်တာကိုလေ။ သူလည်း တုန်လှုပ်သွားမှာပဲ။ ပြီးတော့ကျွန်တော်မရိပ်မိစေဖို့ ဆုတောင်းနေမှာရယ်။
ဒါပေမဲ့လည်း သိချင်စိတ်ပြင်းလွန်းတာရယ်၊ အစတည်းက ထက်ရန်နဲ့ကောင်းကောင်းကို တူတယ်လို့ခံစားရတာကြောင့် နောက်ရက်မှာ Dace clubကို ခန့်ပိုင်ရှိနေတဲ့အချိန်တမင်သွားပြီး စကားစခဲ့တယ်။ အဲဒီနောက်တော့ သူငယ်ချင်းကောင်းမင်းခန့်ပိုင်ဟာ ကျွန်တော်မေးတဲ့မေးခွန်းတင်မကဘဲ ထက်ရန်ရဲ့ ကျွန်တော်နဲ့ပတ်သက်သမျှကို အကုန်ပြောချသွားလေရဲ့။
ESTÁS LEYENDO