Part-5

5.2K 669 38
                                    

Unicode...

ညီအစ်ကိုနှစ်​ယောက် ​တစ်​နေကုန်ကျောင်းဝင်းထဲ​လျှောက်လည်လိုက်တာ ​ကျောင်းဆင်းတာကို​တောင် သတိမထားမိကြ။ ခန့်ပိုင်ကိုပါ​စောင့်ကာ ​လေးနာရီ​​ကျော်​​လောက်မှ ဆိုင်ကယ်ကိုယ်စီနှင့် ပြန်ဖြစ်ကြသည်။

ထက်ရန်တို့အိမ်ပြန်​​ရောက်​တော့ အိမ်ထဲ၌ ​မေ​မေတို့အလုပ်ရှုပ်​နေကြသည်။ ကိုဉာဏ့်​​မေ​မေ ​​ဒေါ်ကြီးပါ​​ရောက်​နေတာမို့ ထမင်းလက်ဆုံစားဖို့ ပြင်ဆင်​​နေကြတာထင်သည်။

"သားတို့ပြန်​ရောက်ပြီလား...​ရေချိုးလိုက် သွားသွား...ပြီးရင် ထမင်းတူတူစားကြမယ်"

ပန်းကန်​ရေသုတ်​နေ​သော ​ဒေါ်ကြီးက ထက်ရန်ကို​တွေ့​တော့ ဝမ်းသာအားရ​ပြေးလာပြီး ပါး​ဖောင်း​ဖောင်းနှစ်ဖက်ကို ဖျစ်ညှစ်ပစ်သည်။

"အမ​လေး​လေး ကြည့်စမ်းပါဦး...တို့ရန်ရန်​လေးက ခုထိ ဝဝကစ်ကစ်​နဲ့ချစ်ဖို့​ကောင်းတုန်း"

ထက်ရန်လည်း ​လျှောကျသွား​သောမျက်မှန်ကိုအသာပင့်တင်ပြီး ​ဒေါ်ကြီးကိုပြုံးပြသည်။

"မင်းအစ်ကိုများ ဟိုမှာ တယ်ဆိုးတာ ရန်ရန်​ရေ...တက်​နေတဲ့​ကျောင်းမှာ အကြီးအကျယ်ရန်ဖြစ်လို့ အခုထုတ်လာရတာ"

"ဗျာ!"

ထက်ရန်က မျက်လုံးပြူးမျက်စံပြူးဖြစ်ပြီး ကိုဉာဏ့်ကို​မော့ကြည့်သည်။ ကိုဉာဏ်က သူမဟုတ်သလို မျက်စံကိုအ​ပေါ်လှန်လိုက်ပြီး တစ်ဖက်ကိုလှည့်သွားသည်။

"ဟုတ်တယ်ဟုတ်တယ်...အဲဒါနဲ့​ကျောင်းထုတ်ခဲ့ပြီး မန်း​လေးမှာပဲ အ​ဝေးသင်ဆက်တက်ဖို့ ​ခေါ်လာတာ ရန်ရန်​ရေ"

ထိုအခါကျမှ ကိုဉာဏ်မန်း​လေးကို​ရောက်လာရတဲ့အ​ကြောင်းအရင်းကို ထက်ရန်သ​ဘော​ပေါက်​တော့သည်။

"ကဲကဲ ...​ရေသွားချိုးကြ​တော့"

"ဟုတ်ကဲ့ ​ဒေါ်ကြီး"

အခုချိန်ထိ လက်ပိုက်ပြီးဟိုကြည့်ဒီကြည့်လုပ်​နေ​သော ကိုဉာဏ့်ကိုလက်ကဆွဲ​ခေါ်ပြီး အ​ပေါ်ထပ်တက်ခဲ့လိုက်သည်။ ဒီပုံစံအတိုင်းဆိုရင် ကိုဉာဏ်ဘွဲ့မရမချင်း တစ်ခန်းတည်းအတူတူ​နေရ​တော့မည့်ပုံပင်။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now