Extra-2

3.1K 331 39
                                    

Unicode...

​ကောက်ညှင်းထုပ်​လေး ​ကောက်​တော်မူ၍ ​​ချော့​ချင်သော်လည်း အ​ကောင်​လေးက ညဘက်ဖုန်းပိတ်ပြီးကို ​ချေသည်။ သူ့အစ်ကိုဆက်ဉာဏ်ကိုဆက်ကြည့်​တော့လည်း ခန့်ပိုင်ဆီ​ရောက်​နေ၍ ဘာမှမသိဘူး​ပြောပြန်၏။

ထို့​ကြောင့် မနက်​ကျောင်းအလာ သူ့အခန်း​ရှေ့တွင် ​စောင့်​နေလိုက်သည်။ လက်ထဲတွင်လည်း ​ဘေဘီလုံး​လေးကို​ချော့ဖို့ နွားနို့တစ်ဘူးကိုင်ထား​သေး၏။

​ကော်ရစ်တာတစ်​လျှောက် ခန့်ပိုင်နှင့် စကားတ​ပြော​ပြော ​​လျှောက်လာ​သော ထက်ရန်ကို​တွေ့​​တော့ လက်ရန်းကိုမှီ​နေရာမှ မတ်လိုက်ကာ သူတို့​ရှေ့တွင် ပိတ်ရပ်လိုက်သည်။

"Morning ​ဘေဘီလုံး​​လေး"

ခန့်ပိုင်ကို မျက်စပစ်ပြ​တော့ အလိုက်သိစွာ အတန်းထဲကို အရင်ဝင်နှင့်သည်။ ​ကောက်ညှင်းထုပ်​လေးက​တော့ သူနှင့်​တွေ့​တော့မှ မျက်နှာကြီးဆူပုတ်သွား၏။

"က​လေး​လေး​ရေ...ကို့ကိုအ​သေသတ်​နေတာလား"

အ​ချေ​လေးက ပြန်မ​ဖြေ။ မျက်နှာကို လမ်းဘက်သို့လွှဲထားပြီး ​တောင့်​တောင့်ကြီးသာ ရပ်​နေ၏။

"​ရော့... နို့​သောက်ပြီး ဒီကအလိုက်မသိတဲ့​​​ကောင်ကြီးကို တစ်ကြိမ်​လောက် ခွင့်လွှတ်​ပေးပါကွာ...​နော်"

ထိုအခါမှ ထက်ရန် အစ်ကို့ကိုမျက်​စောင်းတစ်ချက်ထိုးလိုက်သည်။ မ​နေ့က ဘာလို့မှန်းမသိ အစ်ကို့ကို ​တော်​တော်စိတ်ဆိုးသွားတာ။ Clubကထွက်လာ​တော့ အ​နောက်က​နေ လိုက်လာမှန်း သိပါသည်။ သို့​သော် ဆိုင်ကယ်စတင်းကို​ရောက်ပြီး အတန်ကြာ​​စောင့်သည်အထိ ​ပေါ်မလာခဲ့တာ​ကြောင့် ပိုပြီးစိတ်ဆိုးမိသည်ထင်၏။

ထက်ရန် အစ်ကို့ဆီက နွားနို့ဘူးကိုယူလိုက်ပြီး ဘာမှမ​ပြောဘဲ အတန်းထဲကိုဝင်ခဲ့သည်။ ထွန်းသစ်စက​တော့ အတန်း​ပေါက်တွင် ထွက်မသွား​သေးဘဲ ​စောင့်​နေ​သေး၏။

ထို့​နောက် ဖုန်းကိုထုတ်ကာ မက်​ဆေ့ချ်ရိုက်လိုက်သည်။

>> က​လေး​လေး​ရေ ကို့ကိုစကား​တော့​ပြန်​ပြော​ပေးပါ ကိုတကယ်မ​နေနိုင်​တော့လို့ပါ

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Tempat cerita menjadi hidup. Temukan sekarang