Part-10

5K 569 18
                                    

Unicode...

Welcomeပြီးပြီဆို​တော့ စာထဲအာရုံစိုက်ရမည့်ကာလများ​​ရောက်လာ​လေပြီ။ ဆရာ/မများလည်း အသိ​ပေးကြ​လေပြီ။ ​နောက်လထဲတွင်ကျင်းပမည့် Tutorialအတွက်လည်း ​ပြောဆို​လေပြီ။ ပထမဆုံးအကြိမ်​ဖြေဆိုရမည့် ကျူတိုဖြစ်သဖြင့် ပထမနှစ်များအားလုံးလည်း စိတ်လှုပ်ရှား သိချင်စိတ်များရှိ​နေ​ပေလိမ့်မည်။

ဆရာများက​တော့ အား​ပေးရှာသည်။ ဒီတစ်ကြိမ်ပဲအ​​လေးအနက်ထားကြမှာပါ ​နောက်ဆို ကျူတိုဆိုတဲ့အသံကြားရင်​တောင် ဖြုံ​တော့မှာမဟုတ်ဘူးတဲ့​လေ။ စာသင်​နေခိုက် ဖုန်းကတုန်လာသဖြင့် ကြည့်လိုက်​တော့ ခေါ်တာက တခြားသူမဟုတ် ကိုဉာဏ်။ သူ့ကို​ကျောင်းမလိုက်ဖို့အတန်တန်မှာ​သော်လည်း မန်း​လေး​ရောက်ခါမှ​ကျောင်း​ပျော်ကြီးဖြစ်သွား​သော ကိုဉာဏ်က လိုက်ဖြစ်​အောင်လိုက်လာသည်။ အခုလည်း ဘာကိစ္စရယ်မသိ၊ စာသင်​နေတာသိရဲ့နဲ့ ဖုန်း​ခေါ်သည်။

ဒီတိုင်းပစ်ထားလိုက်ပြီး စာထဲသို့သာအာရုံစိုက်လိုက်၏။ အ​​ရေးပါတာမှမဟုတ်တာ။ သို့​သော် အစ်ကို​တော်က ထပ်ခါထပ်ခါ မကိုင်မချင်း​ခေါ်​နေသည်။ စိတ်မရှည်တဲ့အဆုံး ဆရာ့ကိုခွင့်​တောင်းပြီး အပြင်ထွက်လိုက်​တော့သည်။

"ဘာတုန်းကိုဉာဏ်...စာသင်နေတယ်​လေ"

"အ​ရေးကြီးလို့ပါကွာ...ထွက်လာလို့ရလား"

"မရဘူး​လေ...ဘာအ​ရေးကြီးတာလဲ"

"​မင်းမလာရင် ငါ​မော်ကွန်းထိန်းဆီ​ရောက်​တော့မယ်ထင်တယ်....."

"ဘာ!!!"

ထက်ရန်ရဲ့အသံက စာသင်​နေတဲ့ဆရာနဲ့အတန်းထဲကလူများပင် အပြင်ကိုလှည့်ကြည့်ရသည်အထိ။ အားလုံးကိုပြုံးပြလိုက်ပြီး ခန့်ပိုင်ကိုလက်ယက်​ခေါ်ရသည်။ ထို့​နောက် ဆရာ့ကို အ​ရေးကြီးလို့ပါဟု ခွင့်​တောင်းကာ ကိုဉာဏ်​ပြောသည့်​နေရာသို့ လိုက်သွားရ​တော့၏။

လမ်းတွင်လည်း ခန့်ပိုင်က သူပါRoll callပျက်ရ​သော​ကြောင့် ဂြို​မွှေလွန်းသည့်ကိုဉာဏ့်ကို ဆဲဆို​နေ​တော့သည်။

"ကိုသရက်သီးတို့များ ဖြစ်စရာရှားလို့ တကယ့်အဖွဲ့နဲ့မှ သွား​တွေ့ရတယ်လို့...​​တစ်ခါတည်း​ဆေးရုံလိုက်မသွားရတာ ကံ​ကောင်းတယ်မှတ် ထက်ရန်"

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now