Part-33

3.4K 376 23
                                    

Unicode...

အိပ်ရာ​​ပေါ်က အမူးသမားနိုးချိန်သည် ညစာစားပြီးချိန်ဖြစ်၏။ ထက်ရန်​မေ​​မေက​တောင် ခန့်ပိုင်က ညအိပ်မှာလား လို့ပင် ထမင်းဝိုင်းတွင်​မေး​သည်။ ညီအစ်ကိုနှစ်​ယောက် တစ်ယောက်မျက်နှာတစ်​ယောက်ကြည့်ပြီး ​ခေါင်းညိတ်လိုက်ကြသည်။ တကယ်လည်း ခန့်ပိုင်ပုံစံက ပြန်နိုင်မည့်ပုံမ​ပေါ်။

"ဪ နိုးပြီ​ပေါ့"

ထက်ရန်​ဘောက်ဆတ်ဆတ်​မေးသည်။ ခန့်ပိုင်က​တော့ ခုချိန်ထိ ကုတင်​ပေါ်တွင် ​ခေါင်းကိုလက်နှင့်ထိန်းပြီး မှိုင်မှိုင်ကြီးထိုင်​နေ၏။

"ဘယ်နှနာရီရှိပြီလဲ"

"၈နာရီ​ကျော်ပြီ"

"ဘာ!!!"

"ဘာမ​နေပါနဲ့...ခုနက မင်းအ​မေဖုန်းဆက်လို့ ဒီ​နေ့အိမ်မှာအိပ်မှာလို့ ငါ​ပြောထားလိုက်တယ်"

ထိုအခါမှ ခန့်ပိုင်သက်ပြင်းချနိုင်သည်။ ကိုဉာဏ်က​တော့ မျက်​မှောင်ကျုံ့ကာ ခန့်ပိုင်ကို ကြည့်​နေသည်။

"ရန်ရန်...မင်းအစ်ကိုနဲ့ ဖုန်း​တွေဘာ​တွေမ​ပြောဘူးလား"

ကိုဉာဏ် သူ့ကိုပထုတ်​နေမှန်း ထက်ရန်သိသည်။ ဒီနှစ်​ယောက် အပြင်မှာဘာ​တွေဖြစ်လာသလဲ၊ ပြန်​ရောက်​တော့လည်း နှစ်​​ယောက်သား နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်​​ပျော်သွား​သေးတာ။ ပြသနာတစ်ခုခု​ ရှိ​နေမယ်ဆိုတာသိ၍ နှစ်​ယောက်လုံးကို မကြည်ကြည့် ကြည့်ပြီး အခန်းပြင်ထွက်ခဲ့ရသည်။

အခန်းပိုင်ရှင်က ဒီ​နေ့တစ်​နေကုန် အခန်းထဲ​​​​က​နေ နှင်ထုတ်ခံ​နေရတာ နည်းနည်း​တော့ ​​အခဲမ​​ကြေ။

ရန်ရန်အပြင်ထွက်သွားတာ​သေချာ​တော့မှ ဆက်ဉာဏ် ကုတင်ဆီကိုတစ်လှမ်းချင်း​တိုးသွားသည်။

"အဟမ်း...​ခေါင်း...မူး​နေ​သေးလား"

ဒီအမူးသမားမျိုးက သူမူးတာကို ဝန်မခံတတ်သည့်အစားမို့ ခေါင်းမူးသလိုနှင့်​ရောချပြီး ​မေးရသည်။

"အင်း နည်းနည်း"

နှာတိုမျက်​မှေးရဲ့ ပုံစံကြည့်ရတာ သူ့ကိုမကြည့်ဝံ့သလို၊ ရှက်သလိုအမူအရာများ မပြပါဘဲ သာမန်စကား​​ပြောသလိုသာ ​ပြောလာသည်။ တကယ်ပဲ မူး​​နေတုန်းကကိစ္စ​တွေ မမှတ်ဘူး​​တော့ဘူးထင်ပါရဲ့။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now