Part-22

4.2K 515 38
                                    

Unicode...

"သား​လေး...မနက်ဖြန်ကျ ခန့်ပိုင်​လေးကို​ခေါ်လိုက်​လေ အုန်းနို့​ခေါက်ဆွဲလုပ်စားရ​​အောင်"

မနက်စာစားပွဲဝိုင်းတွင် ​​​မေ​မေကစ၍ တိတ်ဆိတ်မှုကိုဖြိုခွင်းသည်။ ကိုဉာဏ်က​ထောက်ခံသလို ​ဖေ​ဖေကလည်း ဘာမှဝင်မ​ပြောခြင်းဖြင့် ​ထောက်ခံမှုကိုပြသည်။

"ဒါဆိုလည်း ​မေကြီးတို့ဘာသာလုပ်စားလိုက် သားမစား​တော့ဘူး"

"ဟယ်...ဘာဖြစ်လို့တုန်း...သားတို့စာ​မေးပွဲပြီးလို့ လုပ်​ကျွေးမလို့ကို"

​မေ​မေက အံ့ဩတကြီး​မေးသည်။ ဟုတ်လည်းဟုတ်ပါတယ်။ အုန်းနို့​ခေါက်ဆွဲဆို ထက်ရန်​တို့သူငယ်ချင်းနှစ်​ယောက်လုံး ဘယ်တုန်းကငြင်းဖူးလို့လဲ။

"ဟီး...ဒီလိုပါပဲ သားမစားချင်လို့"

"ဒါဆိုလည်း ဘာစားချင်လဲ​ပြော...သားစားချင်တာလုပ်​ပေးမှာ​ပေါ့"

ထက်ရန်အနည်းငယ်စဉ်းစားပြီး အားနာနာနှင့်​ခေါင်းရမ်းသည်။

"ဘာမှမစားချင်ဘူး ​မေကြီး"

"အယ်​တော် ဂျစ်ကန်ကန်​လေး"

"ရန်ရန် ​နေမ​ကောင်းဘူးလား"

"ဟုတ်ပါဘူး ​ကောင်းပါတယ်"

ထို့​နောက် ဘာမှမ​ပြောကြ​တော့။ မနက်စာကိုသာ စားကြရင်း ထက်ရန်အားအ​​ဖြေရှာမှုကို ရပ်တန့်လိုက်ကြသည်။

​နေ့ခင်းပိုင်း ထက်ရန်ဂစ်တာတီး​နေချိန်ဖြစ်သည်။

"ရန်ရန်... ခန့်ပိုင်က အပြင်သွားရ​အောင်တဲ့...မင်းအစ်ကိုကို​ရော ​ခေါ်လိုက်တဲ့"

"ဘယ်အပြင်သွားမှာလဲ"

"ကြက်​ကြော်စားမလို့ပဲ​နေမှာ​ပေါ့"

"ဒါဆို ကိုယ့်ဘာသာသွား...အစ်ကိုက အားတဲ့သူမဟုတ်ဘူး"

ဆက်ဉာဏ်တအံ့တဩနှင့် ဂစ်တာတီးမပြတ်​သော ရန်ရန့်ကိုမျက်​မှောင်ကျုံ့ကြည့်သည်။ ဒီ​နေ့တစ်​နေကုန် အိမ်ကလူ​တွေ​ပြောသမျှငြင်းရမယ်လို့ သူ့အစ်ကိုက ​ပြောထားလို့များလား။

"ခန့်ပိုင်က သူ့သူငယ်ချင်းနဲ့သွားချင်မှာ​ပေါ့"

"မ​နေ့ကတင် လည်ထားတာကို...ပြီး​တော့ ကျွန်​တော်အပြင်ထွက်ရတာမကြိုက်တာလည်း သူသိတယ်...ကိုဉာဏ့်ဘာသာ အတင်း​ခေါ်​​နေတာ"

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now