Unicode...
"ဟယ်လို ကလေးလေး...ကိုအခုလာခဲ့ပြီနော်"
"ဟုတ် အစ်ကို...ကျွန်တော်အဆင်သင့်ပဲ ဟီးဟီး"
"အိုခေပါဗျာ...စောင့်နေနော်"
"ဟုတ်"
ဖုန်းချပြီးနောက် ထက်ရန်မှန်ကိုတစ်ခါပြန်ကြည့်သည်။ ရှပ်အင်္ကျီအဖြူလက်ရှည်နှင့် အညိုနှင့်အနက်ကွက်စိပ်ပုဆိုးတို့ကို လိုက်ဖက်ညီစွာဝတ်ဆင်ထားပုံက ကောက်ညှင်းထုပ်ကိုအပေါ်ပိုင်းဖက်ရွက်ခွာထားသလို။ ဂျယ်အနည်းငယ်သုံးကာ သပ်သပ်ရပ်ရပ်ခွဲထားသောဆံပင်ကိုလည်း ခဏခဏဖိရတာအမော။ ဒီနေ့လေးမှာတော့ ကျက်သရေရှိစွာ ကြည့်ကောင်းစေချင်သည်။
ကိုဉာဏ်က အဝေးသင်တက်နေရပြီမို့ စနေ၊ တနင်္ဂနွေအိမ်မှာမရှိ။ ဒါလည်းတစ်မျိုးကောင်းသည်။ မဟုတ်ရင် သူများအထိမ်းအမှတ်နေ့မှာ နှစ်ကောင်သားကဝင်ရှုပ်ဦးမည်။ စိတ်တိုင်းကျပြီဆိုတော့မှ သရေပိုက်ဆံအိတ်အနက်ရောင်လေးနှင့်ဖုန်းကို ပူးကိုင်လျက် အောက်သို့ဆင်းခဲ့သည်။
မနေ့ညကတည်းကမေမေ့ကို ခွင့်တောင်းထားတာမို့ ဒီနေ့တော့ထပ်မပြောဖြစ်။ ဟင်းချက်နေသောမေမေက ကြော့ကြော့မော့မော့၊ သားသားနားနားဝတ်စားထားသည့် ထက်ရန်ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ပြုံးလို့နေသည်။
"အမလေးနော်...သိပ်ကိုကြော့မော့နေတယ်ပေါ့"
ထက်ရန်က မျက်လုံးများမှေးကျအောင်အထိရယ်ပြီး မေမေ့ကိုအနောက်ကနေဖက်လိုက်၏။
"တကယ်လို့ဖေကြီးစောရောက်ခဲ့ရင် ပြောပေးဦးနော်"
"ဟုတ်ပါပြီတော်...ပြောပေးရမှာပေါ့...ဒါပေမဲ့အရမ်းကြီးမိုးမချုပ်ရဘူးနော် ကြားလား... ငါ့သားလေးက အသက်ပြည့်သေးတာမဟုတ်ဘူး"
"ဟုတ်ကဲ့ပါလို့"
"ရန်ရန်လေးတို့များ ချစ်သူရခါမှ အလှပြင်တတ်တော့တယ်"
"ဟီး မေကြီးကလည်း"
ထိုစဉ် အိမ်ရှေ့မှဟွန်းသံကြားရလေသည်။
YOU ARE READING