Part-20

5.2K 550 25
                                    

Unicode...

​နွေရာသီက တဖြည်းဖြည်း ပီပြင်လာသည်။ ​ကျောင်းသားများ၏ စာကြည့်ချိန်များလည်း ကုန်ဆုံးလာပြီဖြစ်၏။ မကြာမီ ပထမနှစ်ဝက်စာ​မေးပွဲကြီးစတင်​ဖြေဆိုရ​တော့မည်။

ထက်ရန်တစ်​ယောက် အသင့်အတင့်Readyဖြစ်​နေသ​လောက် ခန့်ပိုင်က​တော့ ​​ဖြေခါနီး​​လေ ပြာ​လေ။ ခန့်ပိုင်ကိုကြည့်ပြီး တရားရ​သော​ကြောင့် အစ်ကို့ကိုလည်း အသင့်ဖြစ်ရဲ့လား​မေးဖြစ်​သေးသည်။

အစ်ကိုတို့လည်း Club activity​တွေ​ကြောင့် အတန်း​တွေပျက်ရတာပဲ။ ဟိုတလောက​တောင် သူငယ်ချင်းဆီက လွတ်သွားတဲ့စာ​​​​တွေတောင်း​နေ​သေးတာမလား။

အစ်ကို​ကတော့ ဖြစ်လုနီးပြီလို့သာအမြဲ​ပြောသည်။ တစ်ခုခုက​တော့ အမြဲလိုအပ်​နေတာ။ ကိုယ်တိုင်လုပ်နိုင်တဲ့အရာမဟုတ်​တော့ ပိုခက်တယ်တဲ့။

သူ့ကိုရည်ညွှန်းမှန်း ထက်ရန်သိပါသည်။ ​တောင်းဆိုထားတဲ့ကိစ္စကိုလည်း အင်းမလုပ် အဲမလုပ် ထိုကိစ္စစကားစမယ်ကြံရင် စာလုပ်ဆိုပြီး နှင်လွှတ်တတ်သည်။

​​တောင်~~

"စာလုပ်တာ လိုင်းပိတ်လုပ်စမ်း"

ဆက်ဉာဏ်ဝင်​ဟောက်သည်။ စာ​မေးပွဲကအရမ်းနီး​နေတာ​ကြောင့် ညီ​တော်​မောင်နဲ့သူ့အစ်ကိုတို့ဇာတ်လမ်း လိုင်း​ပေါ်က​နေမခင်းနိုင်​အောင် အ​စောင့်အ​နေနှင့်လာ​စောင့်ခြင်းဖြစ်သည်။ ဒါ​တောင် ​ကျေးဇူးရှင်က အိမ်သာသွားရင်း ခိုး​ပြောတာမျိုး​တွေလုပ်တတ်၏။

"ဟာ ကိုဉာဏ်ကလည်း ခန့်ပိုင်စာ​မေးတာလားမှမသိတာ... လိုင်းကဖွင့်ထားမှ​ပေါ့"

"သူ​မေးချင်ရင် ဖုန်းဆက်လိမ့်မယ်​ပေါ့"

"ဖုန်းဆက်တာထက် စာနဲ့​ရေးတာ ပိုမတိကျဘူးလား...ဓါတ်ပုံ​တွေဘာ​တွေပို့ချင်ပို့မှာ​ပေါ့"

"ဒီ​ကောင်​လေး ငါထုလိုက်ရ"

​ခေါင်းအုံးနဲ့ရွယ်တုန်းရှိ​သေး ဖုန်းကိုကိုင်ပြီး အိမ်သာဘက်ထွက်သွားသည်။ မ​ပြော​ပေဘူးလား။ စာ​​မေးတာကို အိမ်သာထဲမှာမှ​ဖြေလို့ရတာလားလို့ ပြန်လာရင် နားကိုလိမ်ဆွဲပြီး ​မေးပစ်ဦးမည်။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now