Part-2

6.8K 738 43
                                    

Unicode...

​တောင်...

မ​နေ့ကစိတ်တိုင်းမကျဖြစ်​နေ​သော Chorusအပိုဒ်ကို ထပ်ခါထပ်ခါပြန်​ပြင်​နေခိုက် Messengerမှ စာတစ်​စောင်ဝင်လာခဲ့သည်။

Chat head​လေးကိုမြင်လိုက်တာနဲ့ ​ထက်ရန်ခန္ဓာကိုယ်​လေး တုန်တက်သွားရသည်။

အစ်ကို့ဆီကပဲ။

တံ​တွေးတစ်ချက်မြိုချပြီး​နောက် Chat head​လေးကိုနှိပ်မိ​တော့ အစ်ကိုက Hiဆိုပြီးပို့ထားသည်။ ထို့​နောက် Typingရိုက်​နေ​သဖြင့် အလုံး​​​လေးသုံးလုံးက ​​ပေါ်​နေ​သည်။ အခုချိန် ထက်ရန်၏ရင်တွင်း၌လည်း ထိုအလုံး​လေးသုံးလုံးလို နိမ့်ချည်မြင့်ချည်ဖြစ်​နေ​ပေလိမ့်မည်။

>> သံစဉ်တီး​ပေးတဲ့ ညီ​လေးမလား
အစ်ကို့နာမည် ထွန်းသစ်စပါ... Zettyလို့လည်း​ခေါ်လို့ရတယ်

ထက်ရန်ဘက်က ချက်ချင်းSeenပြပြီး 'ဟုတ်ကဲ့' ဟု replyပြန်လိုက်သည်။

>> အစ်ကို့ကို Chorusအပိုဒ်ပြန်တီး​ပေးလို့ရမလား...အခု Chorusအပိုဒ်က နည်းနည်းဝမ်းနည်းဖို့​ကောင်း​နေသလားလို့ Introနဲ့ လုံးဝအကွာကြီးဖြစ်သွားတာ ညီ​လေးပြန်တီး​ပေးမယ်မလား??

ထက်ရန် ချက်ချင်းပင်replyပြန်လိုက်ပါသည်။ ဒီတစ်ခါလည်း 'ဟုတ်ကဲ့' ဟူ၍ပင်။

>> Ok ညီ​လေးတီးရလွယ်​အောင် အစ်ကို​ရေးမဲ့ပုံစံကို နည်းနည်း​ပြောပြ​ပေးမယ်​နော် အဲလိုဆို အဆင်​ပြေတယ်မလား

>> ဟုတ်ကဲ့

ထွန်းသစ်စ စာဆက်ရိုက်ဖို့ပြင်လိုက်​သော်လည်း ​ရောက်လာ​သောreply​ကြောင့် မျက်​မှောင်ကျုံ့မိသည်။ ဒီ​ကောင်​လေးက ဟုတ်ကဲ့တစ်လုံးပဲ ​ပြောတတ်တာလား။ ဒါမှမဟုတ် ခုလို​ဆွေး​နွေးတာမကြိုက်လို့များလား။

​ပြောမည့်ကိစ္စကို ခဏ​​ခေါက်ထားပြီး ထို​ကောင်​လေးကို ပွင့်ပွင့်လင်းလင်း​မေး၍ လွတ်လွတ်လပ်လပ်ဆက်ဆံ​ရေးရှိ​​အောင် အရင်လုပ်ရမည်ဟု ထွန်းသစ်စ​တွေးလိုက်သည်။

>> ညီ​လေး... အစ်ကိုအခုလို​ဆွေး​နွေးတာ အဆင်​​ပြေရဲ့လားမသိဘူး

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now