Part-8

4.5K 591 57
                                    

Unicode...

တနင်္ဂ​​နွေ, နေ့လည် သုံးနာရီခွဲ...

ဆက်ဉာဏ်မှာ ရန်ရန့်အကျိုး​မျှော်ကိုးလို့ သူ့ပုံစံ လက်ရှည်အဖြူ​လေးနှင့် ပုဆိုးမီးခိုး​ရောင်​လေးကို ဝတ်ပြီး အမြဲတ​ထောင်​ထောင်ထားတတ်​သောဆံပင်ကို ဂျယ်မသုံးဘဲ အုန်းဆီလိမ်းကာ လှဲချထားသည်။

"မင်းမျက်မှန်​ပေး"

မှန်​ရှေ့တွင် အကျအနပြင်ဆင်ပြီ​နောက် ​ထပ်တူကျရန် မျက်မှန်ပဲလို​တော့တာမို့ ​တောင်းလိုက်သည်။ သူ့မှာက အလှတပ်စရာမျက်မှန်ပင်မရှိတာ​ကြောင့်။

ထက်ရန်က​တော့ ​ကြောင်​တောင်​တောင်နှင့် မျက်မှန်ချွတ်လိုက်ပြီး ​ပေးရမလို မ​ပေးရမလို စဉ်းစား​နေ​သည်။ အဲ​လောက်ကြီးတူဖို့မလိုဘူးမလား။ အစ်ကိုကသူ့ကိုမြင်ဖူးတာ​တောင်မဟုတ်။

ထိုအချိန်မှာပဲ ခန့်ပိုင်က အခန်းထဲဝင်လာခဲ့သည်။

"အဆင်သင့်မဖြစ်ကြ​သေးဘူးလား...​လေးနာရီ​တောင်ထိုး​တော့မယ်​နော်"

"ငါကဖြစ်ပါပြီ...မျက်မှန်​တောင်း​နေတာ မ​ပေး​သေးလို့"

အ​နောက်ကိုလှည့်မကြည့်ဘဲ မှန်ထဲက​နေသာ ခန့်ပိုင်ကိုကြည့်ပြီး ​ပြောလိုက်သည်။ ခန့်ပိုင်လည်း မျက်မှန်ကိစ္စခဏ​တွေ​​ဝေသွား၏။

"မလိုပါဘူး...ဒီတိုင်းဆိုလည်း ကြည့်​ကောင်း​နေတာပဲကို"

ကိုဉာဏ်ရှိရာတည့်တည့်ကို​လျှောက်လာပြီး ​ခေါင်းစ​ခြေဆုံးလှည့်ပတ်ကြည့်ကာ ​ပြော​လေသည်။

"အဟက်...အခု မင်းငါ့ကို ကြည့်​ကောင်းတယ်ဆိုတာ ဝန်ခံ​နေတာ​ပေါ့"

မထိတထိစကား​တွေ စလာပြန်ပါပြီ။ ခန့်ပိုင်ချက်ချင်းပင် မျက်နှာပျက်ယွင်းသွား​လေ၏။ မိမိအ​ပေါ်တွင်ရှိ​နေ​သောမျက်နှာမဲကို ​မော့ကြည့်ကာ မျက်​စောင်းထိုးပစ်လိုက်သည်။ ထက်ရန်​ကြောင့်သာ ရန်မဖြစ်တယ်မှတ်ပါ ကိုသရက်သီးမဲ...

"ပြီးပြီဆိုလည်း သွားစို့"

စကားစကိုဖြတ်ပြီး အချိန်မှီသွားဖို့ရန်သာ ဆိုလိုက်သည်။ ထို့​နောက် ကိုယ်တိုင်ကပဲအောက်ထပ်ကိုဦး​ဆောင်ဆင်းလိုက်သည်။ ခြံ​​ရှေ့ရောက်​တော့ ထက်ရန်က မ​မေ့မ​​လျော့မှာလိုက်ပါ​သေးသည်။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Donde viven las historias. Descúbrelo ahora