Extra-3

3K 314 20
                                    

Unicode...

ဟိဏ်းထက်ရန်တို့ အိမ်​ရှေ့တွင်ဖြစ်သည်။ ​ကျောင်းပိတ်ရက်ဖြစ်၍ အစ်ကို့ကို ​တွေ့​နေကျ Convenience storeကိုလာခဲ့ဖို့​ပြောထားသော်လည်း အစ်ကိုက အိမ်တိုင်ရာ​ရောက် လာ​ခေါ်သည်။

"မနက်ဖြန် အလုပ်နားတယ်ဆို"

"အွန်း ဟုတ်တယ်...အိမ်မှာ ညီမ​လေးကို စာကူလုပ်​ပေးရင်​ကောင်းမလားလို့"

"ဪ အင်းပါ"

ထက်ရန်မျက်နှာက သိသိသာသာညှိုးကျသွား၏။ ထက်ရန်စဉ်းစားထားသည်က ​​ဒီကျောင်းပိတ်ရက်တွင် အစ်ကိုလည်းအလုပ်နားတာမို့ အစ်ကိုနှင့်တစ်ရက်လုံး Dateကြမည်ဟူ၍။

​ကျောင်းဖွင့်ကတည်းက အစ်ကိုနှင့် ​​အေး​အေး​ဆေး​ဆေးမ​တွေ့ဖြစ်ကြ။ ​ကျောင်းပိတ်ရက်များတွင်လည်း အစ်ကိုကအလုပ်ရှိတာမို့ ​လျှောက်မလည်ဖြစ်။ ထို့​ကြောင့် ထက်ရန်အ​နေနှင့် အခွင့်အ​ရေးရခိုက် အစ်ကို့ကိုအချိန်​ပေးချင်သည်။ သို့​ပေမဲ့ အစ်ကိုက ညီမ​လေးကို ဂရုစိုက်ချင်သည်ဆို​တော့လည်း ထက်ရန်မတားရက်ပါ။ မိသားစုထက် သူ့ကိုပိုအ​လေး​ပေးတာမျိုးလည်း မခံယူချင်​ပေ။

Storeကို​ရောက်​တော့ အစ်ကိုကစား​နေကျ ​ခေါက်ဆွဲပြုတ်ကိုမှာသည်။ ထက်ရန်လည်း နွားနို့တစ်ဘူးကိုသာမှာပြီး ခုံအလွတ်တွင်ဝင်ထိုင်ကြသည်။

ဆိုင်ထဲကို​ရောက်​ကတည်းက ဖုန်းကိုသာ ဂရုစိုက်​နေ​​​သောအစ်ကို့ကို ထက်ရန်သတိထားမိသည်။ သို့​သော် ဘာမှ​တော့မ​ပြောဖြစ်။ အလုပ်ကိစ္စ ဒါမှမဟုတ် အ​ရေးကြီးကိစ္စရှိလို့သာဖြစ်မည်ဟု ဖြည့်​တွေးလိုက်သည်။

​ခေါက်ဆွဲပြုတ်ရလာချိန်အထိ ထက်ရန်ကို တစ်​ခေါက်သာပြုံးပြ​သေး၏။ ထို့​နောက် ​ခေါက်ဆွဲပြုတ်​သောက်လိုက် ဖုန်းကြည့်လိုက်နှင့်သာ။

"အစ်ကို...အ​ရေးကြီးကိစ္စရှိ​နေလို့လား"

​ပါးစပ်ထဲက ခေါက်ဆွဲများကိုအရင်ကုန်​​အောင်စားလိုက်ပြီး ထက်ရန်ကို​​ကြည့်သည်။

"မဟုတ်ပါဘူး"

ထွန်းသစ်စ သူ့လက်ထဲကဖုန်းကိုပြန်သတိထားမိ​​တော့မှ ​ကောက်ညှင်းထုပ်​​လေးကို ပစ်ထားမိမှန်း နားလည်သွား၏။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Tempat cerita menjadi hidup. Temukan sekarang