Part-30

3.6K 409 20
                                    

Unicode...

အစ်ကိုနဲ့ ပြင်ဦးလွင်မှာအချိန်ကုန်ဖြစ်တဲ့အချိန် Facebook​ပေါ်မှာ ကျွန်​တော်တို့နှစ်​​ယောက်အ​ကြောင်း ဘာ​တွေ​ပြော​နေကြမလဲဆိုတာ ​မေ့ထားဖြစ်တယ်။ တစ်ခါတ​လေ​တောင်မှ ​ခေါင်းထဲကို​ရောက်မလာ​တော့တဲ့အထိ အစ်ကိုက ကျွန်​တော့်ကိုဂရုစိုက်​ပေးတယ်။

မန္တ​လေးပြန်​ရောက်​ရောက်ချင်း အစ်ကိုပင်ပန်း​နေမည်စိုး၍ ​လေ့ကျင့်ခန်းလုပ်ပြီးသည့်တိုင် ဖုန်းမ​ခေါ်ဖြစ်။ သို့​သော် ချစ်တတ်လွန်း​​သောအစ်ကိုက မနက်၆နာရီတစ်ခါမ​ခေါ်နိုင်​ပေမဲ့လည်း ၇နာရီတွင်​တော့ ဆက်ဖြစ်အောင်ဆက်သည်။

"​မောနင်း က​လေး​​လေး...​မောသွားပြီလား"

"ဟာ အစ်ကိုဗျာ...အိပ်​​ရေးဝ​အောင် အိပ်ပါဆို​နေတာကို"

"ဝပါတယ်ဗျာ...မဟုတ်လည်း ဒီအချိန်ထ​နေကျပဲကို...က​လေး​လေးက အားနာစရာမလိုပါဘူး"

"အွန်းဒါဆိုလည်း ပြီးတာပဲ...အဟမ်း...အာဘွား"

တူ~~~

​နေပါဦး။ က​လေး​လေးက သူ့ကိုအာဘွားပြန်​ပေးသွားတာလား။ သူက​ပေးရမှာမဟုတ်ဘူးလား။

ထွန်းသစ်စ အိပ်ရာထထချင်း မင်္ဂလာရှိစွာနိုးထခဲ့ရလို့ တစ်​နေ့တာလုံး တက်ကြွ​နေ​တော့မှာအမှန်ပင်။ ​ကောက်ညှင်းထုပ်​လေးက လူကိုတစ်နည်းနည်းနဲ့ပြုစားလိုက်ရမှ​ကျေနပ်တတ်တဲ့အထုပ်​လေးပဲကိုး။

​သင်္ကြန်ပိတ်ရက်အတွင်းမို့ အလုပ်​တွေလည်းလုပ်စရာမရှိ။ မနက်စာစားပြီး​နောက် ​မေမြို့တွင် ​က​လေး​လေးနှင့်​ရေးခဲ့​သော သီချင်းကိုလက်စသတ်ဖို့ အခန်းထဲပြန်ဝင်ခဲ့သည်။

လျစ်လျူရှုထားမယ်လို့ကြံတဲ့ကိစ္စက ​ကောက်ညှင်းထုပ်​လေးအ​ပေါ်မှာသက်​​ရောက်မှုရှိတာ ဝမ်းသာ​ပေမဲ့ သူ့အတွက်က​တော့ ​ဘယ်လိုမှပစ်ထားလို့မရနိုင်သည့်အ​ခြေအ​နေများ ကြုံ​တွေ့​နေရသည်။

အဲဒါက​လည်း Clubအသိုင်းအဝိုင်းက လူ​တွေကိုယ်တိုင်လာ​ပြောကြ​သောကြောင့်။ မ​နေ့က​​မေမြို့က​နေပြန်​ရောက်​ရောက်ချင်း သူငယ်ချင်းမက ဖုန်းဆက်၍ အ​သေအချာရှင်းပြ​လေသည်။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Onde histórias criam vida. Descubra agora