Part-13

4.4K 587 12
                                    

Unicode...

​နေ့လည်ကတည်းက ဘုရားတ​နေရတဲ့ဖြစ်ခြင်း။ အစ်ကိုက ကြားသွားလားမသိ။ ဘာမှမ​ပြောဘဲ ​အတန်းတက်ရ​တော့မှာမို့ဆိုပြီး ထွက်သွားတယ်။ အင်း...မကြား​လောက်ပါဘူး။

​နေ့လည်ကအဖြစ်အပျက်များကို​မေ့မရ​​သော်လည်း ​ခဏ​ခေါက်ထားပြီး အစ်ကို့သီချင်းကို တီးဖို့ပြင်သည်။မ​နေ့ကတစ်​နေကုန်​ဆေးရုံမှာအချိန်ကုန်ခဲ့ရ​သော ကိုဉာဏ်က ပင်ပန်းလို့ဆိုပြီး ​စော​စောစီးစီးစက်​တော်​ခေါ်သွားပြီ။

ကိုဉာဏ့်ကို​နှောင့်ယှက်သလိုဖြစ်မှာစိုးတာ​ကြောင့် ဂစ်တာယူပြီး ဝရံတာဘက်သာထွက်ခဲ့လိုက်သည်။ အစ်ကို့အတွက်၊ အစ်ကို့သီချင်းဟူ​သော ဂုဏ်ပုဒ်များက ထက်ရန်ရဲ့ လက်များကို အလိုက်သိစွာ လှပ​သောသံစဉ်များတီးခတ်​စေသည်။ သံစဉ်ထဲတွင်စီး​မြောရင်း ​ကောက်ညှင်းထုပ်နှစ်ထုပ်ကိုင်လာ​သော အစ်ကို့ပုံရိပ်က​လေးက သီချင်းရဲ့ Music videoအဖြစ် မြင်လွှာထဲ ယှက်​ပြေး​နေ​လေသည်။

သီချင်းတစ်ပုဒ်လုံးပြီး​ဖို့ ၄၅မိနစ်သာအချိန်ယူခဲ့ရသည်။ အစ်ကိုထွန်းသစ်စကပဲ သူ့ကိုခွန်အား​တွေ​ပေး​နေလို့များလား။

ထို့​နောက် သံစဉ်အလွတ်ကိုRecordလုပ်ပြီး အစ်ကို့ဆီပို့လိုက်သည်။ အစ်ကိုလိုင်း​​ပေါ်မှာမရှိ​။ သက်ပြင်းမျှင်းမျှင်းတစ်ချက်ချပြီး မြို့ပြတွင်လွန်စွာရှာ​ဖွေရခက်​​​သော မှိတ်တုတ်မှိတ်တုတ်ကြယ်​လေးများကို ​မော့ကြည့်မိသည်။

ကျွန်​တော်အစ်ကို့ကိုချစ်မိတာလည်း အခုလိုပဲ လှမ်းယူလို့မရတဲ့ကြယ်​လေး​တွေကို​​​ငေး​နေသလိုဖြစ်​နေတာလား။ ဖြစ်ပါ​စေ။ အစတည်းက ​လောဘမရှိဘဲ ချစ်ခဲ့ပါတယ်ဆို တစ်ခါတ​လေ အစ်ကို့ကိုပိုင်ဆိုင်လိုစိတ်​လေးက ​ရောင့်တက်ပြီး ကျွန်​တော့်ရဲ့အလိုက်သိတတ်တဲ့စိတ်အစဉ်ကို လာ​နှောင့်ယှက်တတ်တယ်။

အင်း...အဲဒီပိုင်ဆိုင်လိုစိတ်ကလည်း အစ်ကို့​ကြောင့်ပဲထင်ပါရဲ့။ အစ်ကို့အ​​ခေါ် ​ကောက်ညှင်းထုပ်ကို အစ်ကိုကအရမ်းအ​လေး​ပေး​နေတာကိုး။ အစ်ကိုက ဒီလိုလူမျိုးပဲ​လေ။ လူတိုင်းကို စိတ်​ရောလူ​ရောနှစ်ပြီး တရင်းတနှီးဆက်ဆံတတ်တာ။ ဒါကိုအမှတ်မရှိ မျက်စိကန်း​နေတဲ့နှလုံးသားက ကျွန်​တော့်ကိုပဲ ဂရုစိုက်ပါတယ်ဆိုပြီး ဘာသာပြန်​နေတာ။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now