Unicode...
ထွန်းသစ်စ ခပ်ကြောင်ကြောင်ဖြစ်သွားသည်။ ထက်ရန်ပြောလိုက်သောစကားလုံးများကို သဲသဲကွဲကွဲမကြားလိုက်သလိုဖြစ်သွားခြင်းက ရင်ခုန်နှုန်းနှစ်ဆတိုးသွားလို့များလား။
"နေဦး နေဦး...အခု ကို့ကိုချစ်တယ်လို့ပြောလိုက်တာလား...ကို့ကိုအဖြေပေးလိုက်တာလားဟင်"
"သွားမယ်"
ဘေးနားကနေ နောက်ထိုင်ခုံပေါ်အလိုလိုရောက်သွားသော ကောက်ညှင်းထုပ်လေးကို လည်ပြန်လိုက်ကြည့်ဖို့ပင် နောက်ကျသွားပြီ။ ရှက်နေသည့်ကောင်လေးက မျက်နှာကို သူ့ကျောကုန်းနှင့်ကပ်ပြီးဖွက်ထား၏။
ဒါဆို သေချာပြီပေါ့။ ထွန်းသစ်စ အပျော်လွန်ပြီးဆိုင်ကယ်တောင်ကောင်းကောင်းမမောင်းနိုင်တော့။ လမ်းတစ်လျှောက်လုံး အနောက်ကဘေဘီလုံးလေးတစ်ယောက် အသံတစ်သံထွက်မလာ။ ထွန်းသစ်စက စကားပြောကြည့်သော်လည်း အရူးကြီးလိုသာကျန်ခဲ့ရသည်ချည်း။
"စကားမပြောချင်နေပါကွာ...အနောက်ကထိုင်ရတာ အဆင်ပြေရဲ့လား...ကို့ကျောကိုထိပြီးပဲဖြစ်ဖြစ် အသိပေးပါဦး...တော်ကြာ အိပ်ငိုက်ပြီးပြုတ်ကျနေမှ"
ပြောသာပြောလိုက်ရတာ ရယ်ချင်စိတ်ကမထိန်းနိုင်။ ဦးပိန်ကိုမသွားဘဲ ကန်တော်ကြီးဘက်ဝင်ပြီး လူသူရှင်းတဲ့နေရာမှာ ရှက်သွေးဖြာနေသောပါးမို့မို့လေးများကို နမ်းပစ်လိုက်ချင်တော့သည်။ ဒီလိုဆို ဘယ်လောက်များပူထူသွားမယ်မသိ။
ကိုယ့်အတွေးနဲ့ကို သဘောကျနေရင်းမှ နောက်ကျောမှတို့လိုက်တာကို ခံစားလိုက်ရ၏။ ဒါဆို ကောက်ညှင်းထုပ်လေးအိပ်ငိုက်နေတာတော့မဟုတ်ဘူးပဲဆိုပြီး စိတ်အေးရသည်။ တို့တာကလည်း လက်ညိုးလေးနှင့် နောက်ကျောကို သုံးခါတိတိ။ ဒီကောင်လေးရဲ့အပြုအမူတွေက သေချာတွေးကြည့်လေ အူယားဖို့ကောင်းလေ ချစ်ဖို့ကောင်းလေပါပဲ။ ဒါကို သူလေးက ကိုယ့်ကိုကိုယ်ယုံကြည်မှုသိပ်အားနည်းတာ။ သူဖြတ်သန်းလာရတဲ့ပတ်ဝန်းကျင်ရယ် အချိန်ကာလတွေရယ်နှင့်ဆိုင်မည်ထင်ပါသည်။
![](https://img.wattpad.com/cover/252077922-288-k170227.jpg)
YOU ARE READING