Unicode...
"ဘာ!!! နင်ပြောတော့ ပိရိစေရပါမယ်ဆို...အခုဘယ်လိုဖြစ်ရတာလဲ"
"အဲဒါ အန်တီ့ကိုမေးရမှာပါ...ထွန်းသစ်စက သံသာနဲ့ အန်တီအဆက်အသွယ်ရှိတယ်ဆိုတာကို ဘယ်လိုသိသွားရတာလဲ...တစ်အိမ်တည်းနေတာပဲ...သံသာ့ထပ်ပိုပြီးဂရုစိုက်ရမယ်ဆိုတာ မသိဘူးလား"
"ညည်း ငါ့ကိုချည်းအပြစ်ပြောမနေနဲ့... ငါနဲ့ဆက်စပ်နေတယ်ဆိုတာ သိသွားရင်တောင် ညည်းကရအောင်ချုပ်ထားရမှာပေါ့"
"ဒါနဲ့ မေးပါရစေဦးအန်တီ...အန်တီက ထွန်းသစ်စကို မိဘအရင်းတွေဆီရောက်သွားစေချင်တယ်ဆိုတာသေချာရဲ့လား... အိမ်ကနေ နှင်ထုတ်ချင်ရုံပဲ မဟုတ်ဘူးလား"
သံသာ့အမေးကြောင့် ဒေါ်နွယ်နွယ်မျက်နှာ ကွက်ခနဲပျက်သွား၏။ ဖုန်းထဲကမဟုတ်ဘဲ သံသာသာ ဘေးနားမှာရှိနေရင် ချက်ချင်းရိပ်မိသွားနိုင်သည်။
"နှစ်ခုလုံးပေါ့အေ... အိမ်ပေါ်မနေစေချင်တော့လို့ ငါကိုယ်တိုင်ကြိုးစားပမ်းစား သက်သေတွေ ရှာပေးထားတာလေ"
"ဟားး...သေချာရဲ့လား အန်တီ...တစ်ခုခုတော့လွဲနေပြီထင်တယ်နော်...အန်တီ သံသာ့ကိုနဖားကြိုးလာမထိုးနဲ့... အန်တီနဲ့အပေးအယူရှိလို့ ဒါကိုလက်ခံခဲ့တာနော်...အန်တီပြောတဲ့လူတွေသာ ထွန်းသစ်စရဲ့မိဘအရင်းတွေမဟုတ်ရင်တော့ ဆောရီးအန်တီ...သံသာ အဲလောက်တော့မပိန်းသေးဘူး"
"နေဦး သံသာ နေပါဦး...ငါအမှန်တိုင်းပြောတာပါ"
"တော်တော့အန်တီ...သံသာကိုယ်တိုင် ကာယကံရှင်တွေကိုသွားမေးပြီးပြီမို့ အန်တီ့အလိမ်အညာတွေတော်လိုက်တော့...အန်တီနဲ့ပတ်သက်မှု ဒီမှာရပ်ပြီနော်...ဖုန်းထပ်မခေါ်နဲ့"
သံသာ့ဘက်မှ ဖုန်းချသွားပြီဖြစ်သည်။ ဒေါ်နွယ်နွယ်မှာတော့ အံကိုကြိတ်လျက် အခဲမကြေဖြစ်နေတော့၏။ အကြံအစည်အောင်မြင်ခါနီးမှ သံသာရော ထွန်းသစ်စရောက အဖြစ်မှန်ကို ဘယ်လိုကနေသိသွားကြတယ်မသိ။
အကယ်၍ ဒီစနေနေ့မှာသာ သံသာက ထွန်းသစ်စကို မိဘအရင်းတွေဆီခေါ်သွားမည်ဟု လိမ်လည်ပြီးနောက် သံသာနှင့်ထွန်းသစ်စ ကုတင်တစ်ခုတည်းပေါ်အတူတူရှိနေသည့်ဓါတ်ပုံအား ဖြန့်လိုက်ရမည်ဆိုလျှင် သူ့အကြံအစည်အောင်မြင်နိုင်ပြီ။ ဦးထိန်ဝင်းကိုလည်း ထွန်းသစ်စအား ဒေါသထွက်စေရန် ဆွပေးလိုက်လျှင် သံသာနှင့်အတင်းအကြပ်လက်ထပ်စေပြီး အိမ်ကနေ ထွက်သွားရပေမည်။
![](https://img.wattpad.com/cover/252077922-288-k170227.jpg)
YOU ARE READING