Unicode...
ထွန်းသစ်စ ညဘက်အိပ်မပျော်တာမို့ Facebookပေါ်က သူတို့နှစ်ယောက်ပုံကို ထိုင်ကြည့်နေသေးသည်။ အေးအေးဆေးဆေးနေတတ်တဲ့ကောက်ညှင်းထုပ်လေးတောင် မန်းရှင်းအခေါ်ခံရတယ်ဆိုတော့ သူကတော့ ပြောစရာကိုမလို။ နိုတီတက်သမျှ မက်ဆင်ဂျာကစာမှန်သမျှကို လျစ်လျူရှုပြီး ပုံတင်သောအကောင့်ပိုင်ရှင်ကိုပဲ တိုက်ရိုက်မေးလိုက်သည်။ ကံကောင်းတယ်ဆိုရမလား။ ထိုအကောင့်ပိုင်ရှင်သည်လည်း active nowဖြစ်နေ၏။
>> Hello ဓါတ်ပုံထဲက Vocal King ထွန်းသစ်စပါခင်ဗျ
ထွန်းသစ်စလိုင်းသုံးလာသည့်သက်တမ်းတလျှောက် ဘယ်သူ့ကိုမှ အခုလိုမထိတရိစကားလုံးများသုံးပြီး စကားမပြောခဲ့ဖူးပေ။ ကိုယ်ကအရင်တည်းက အသံကောင်းတယ်ဆိုပြီးနာမည်ကြီးနေတဲ့တလျှောက်လုံးလည်း တိုက်ခိုက်လာတာမှန်သမျှ လျစ်လျူရှုခဲ့တာချည်း။ Personalတွေထိပါ ထိပါးရိပါးလုပ်ကြသော်လည်း လျှော်လိုက်တာချည်း။ ဒီတစ်ခါတော့ မရတော့။ သူ့ကိုထက် ချစ်ရတဲ့ကောက်ညှင်းထုပ်လေးကို တိုက်ရိုက်ထိခိုက်တာမို့ ခွင့်လွှတ်စရာ၊ ပစ်ထားလိုက်စရာ အကြောင်းမရှိ။
တစ်ဖက်က Friendမဟုတ်သော်လည်း seenပြပြီး သူ့ကိုချက်ချင်းလက်ခံသည်။ ထို့နောက် လက်မထောင်ပြ၏။
>> အဲဘက်က ဘယ်သူလဲမသိပေမဲ့ ပုံကိုဖျက်ပေးပါ
>> ငါဖျက်လိုက်လည်း ပြန့်ပြီးနေပြီ saveတဲ့လူက ပြန်တင်မှာပဲ
>> မပူပါနဲ့ သူတို့မတင်ခင် ကျွန်တော်ကိုယ်တိုင်တင်မှာမို့ ဖျက်ခိုင်းတာပါ
>> ပြီးတော့ ကျွန်တော်တို့နှစ်ယောက်ပုံကိုလှလှပပလေးရိုက်ပေးတဲ့အတွက်ရော ကျေးဇူးတင်ပါတယ် အဲနေ့က ဓါတ်ပုံတစ်ပုံမှမရိုက်လိုက်ရလို့ နှစ်ယောက်သားဝမ်းနည်းနေကြတာ
>> ကျွန်တော်တို့နှစ်ယောက်ရဲ့အမှတ်တရကို သေသေချာချာမှတ်တမ်းတင်ပေးတဲ့အတွက် ထပ်ပြီးကျေးဇူးပါဗျ
>> ပုံက ကျွန်တော်တို့နှစ်ယောက်ပုံမို့ ယူလိုက်မယ်နော်တစ်ဖက်ကSeenပြပြီး replyမပြန်တော့။ Messengerထဲကနေထွက်ပြီး ပုံကိုsaveလိုက်သည်။ ထို့နောက် တစ်ခါတည်းcover photoချိန်းလိုက်၏။
YOU ARE READING