Part-16

5.3K 607 47
                                    

Unicode...

​ဖေ​ဖော်ဝါရီ၁၄ရက်မှာ ချစ်သူရည်းစားမရှိပါဘဲ အလုပ်ရှုပ်​နေတဲ့ ခန့်ပိုင်။ ဘယ်​လောက်ထိရှုပ်လဲဆို ​ကောင်မ​လေး​တွေ​ရော ​ကောင်​လေး​တွေပါ လာ​ပေးကြတဲ့ ချောကလက်​တွေပန်းစည်း​တွေကို ကျွန်​တော်မျိုးက သူ့မန်​နေဂျာရာထူးကိုယာယီယူထားပြီး ​ပေးသမျှအကုန် လိုက်သိမ်းဆည်း​ပေးရတဲ့အထိ။

"​ဟေ့​ကောင် ငါနဲ့ခဏလိုက်ခဲ့ဦး"

"ဟမ် အတန်းတက်​တော့မှာ​လေ ဘာလဲမင်းက မတက်ဘူးလား"

"​​နေ့လည်မှတက်​တော့မယ် ခဏ​လေးလိုက်ခဲ့​ပေးဦးလို့"

"မင်းဒီဟာ​တွေ ဒီတိုင်းထားခဲ့ရမှာလား"

​ရေးကြီးသုတ်ပြာနှင့် အတင်း​ဇွတ်​ခေါ်​နေခြင်း။ ဒီပုံစံအတိုင်းဆို မနက်ပိုင်းတစ်ချိန်​တော့ လစ်ရ​တော့မည်ထင်။ စားပွဲ​ပေါ်တစ်​လျှောက် ပြည့်​နေ​သောလက်​ဆောင်ပစ္စည်း​တွေကို လက်ညိုးထိုးကာ​ပြော​တော့ ဒီတိုင်းပစ်ထားလိုက်ဟူ၍ ပြီးသလွယ်​ပြောကာ လက်ကဆွဲပြီး အတန်းပြင်​ခေါ်ထုတ်​လေ၏။

ဘယ်လို​ကောင်ပါလိမ့်။ ကျွန်​တော်သာဆို သိသိမသိသိ ကိုယ့်ကိုချစ်ခင်လို့ အမှတ်တရ​​ပေးတဲ့ပစ္စည်း​တွေဆို တန်ဖိုးထားပြီး ​သေချာသိမ်းမှာရယ်။ ဒီ​ကောင်က​တော့ ရ​နေကျမို့ထင်ပါတယ်။ ဒါ​တွေကို တန်ဖိုးထားရ​ကောင်းမှန်းမသိ။

အခုလည်းဘယ်​သွားမယ်မသိ။ ဘာမှမ​ပြောဘဲ ဒီတိုင်းဆွဲ​ခေါ်လာတာကိုး။ ​သေချာတာက​တော့ ​ကျောင်းတွင်းမဟုတ်။ ​အခု​ရောက်​နေတာက ဆိုင်ကယ်စတင်း။ ​သေချာ​အောင်ထပ်​မေးကြည့်ဖြစ်သည်။

"ဘယ်သွားမှာလဲ...တစ်ခုခုဖြစ်လို့လား...ဘယ်သွားမှာလဲတော့​ပြော​လေ...​တော်ကြာ ကိုဉာဏ်ရှာ​နေမှဖြင့်"

"ငါသူ့ကို​ပြောထားပြီးသား"

ဆိုင်ကယ်ဦးထုပ်​​ဆောင်း​နေရင်းမှ တိုတိုတုတ်တုတ်​ဖြေသည်။ ဒါ​ပေမဲ့ ထက်ရန်လိုချင်တာ ဒီအ​​ဖြေမှမဟုတ်တာ။

​မေးမရတဲ့အဆုံး သက်ပြင်းကိုသာချရင်း သူ့အ​​နောက်က​နေ အသာ​လေးထိုင်လိုက်ခဲ့​တော့သည်။ အတန်ကြာခရီး​​ပေါက်​တော့​ ​လေပြင်းများရိုက်ခတ်လာသည်ကိုခံစားရသည်။ ​လေပြင်းများလာရာကား ​ရေပြင်တစ်ခုဆီမှ။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now